မင်းတို့မို့ပြောထွက်တယ်...




ဟက်ပီးနယူးယီးယားက မင်းတို့နဲ့ဆိုင်ပြီး
မြန်မာနှစ်သစ်ကူးကို မင်းတို့နဲ့မဆိုင်ဘူးဖြစ်ရတယ်။

ခရစ်စမတ်နေ့ဟာ မင်းတို့နဲ့ဆိုင်ပြီး
သီတင်းကျွတ်ပွဲတော်ဟာ မင်းတို့နဲ့မဆိုင်ဘူးဖြစ်ရတယ်။

မွတ်ဆလင်အစ်နေ့ဟာ မင်းတို့နဲ့ဆိုင်ပြီး
ကဆုန်လပြည်နေ့ဟာ မင်းတို့နဲ့မဆိုင်ဘူးဖြစ်ရတယ်။

မင်းတို့ပြောနေ လုပ်နေတဲ့ အရာက
ကိုယ့်ယဥ်ကျေးမှု
ကိုယ့်ဘာသာကိုပြန်စော်ကားဖျက်ဆီးရာ
ရောက်တယ်ဆိုတာမစဥ်းစားမိကြဘူးလား။

အာဏာသိမ်းတာကိုတော်လှန်တာချင်းအတူတူ
သူများဘာသာ
သူများအဖွဲတွေက
သူတို့ဘာသာ
သူတို့ယဥ်ကျေးမှုကိုပြန်မစော်ကားကြဘူး

မြန်မာ့ယဥ်ကျေးမှုဆိုတာ
ဗုဒ္ဓဘာသာကိုအခြေခံတဲ့ယဥ်ကျေးမှုတွေ
မင်းတို့ကိုးကွယ်နေတဲ့
ဘာသာတရားရဲ့အလှတရားတွေ
မင်းတို့နေထိုင်တဲ့တိုင်းပြည်ရဲ့အနုပညာတွေဆိုတာ
မစဥြးစားမိကှဘူးလား

မင်းတို့ မြန်မာ့ယဥ်ကျေးမှုကို
တော်လှန်ဖျက်ဆီးလို့ကော
အာဏာပြန်ရမှာတဲ့လား

နှစ်သစ်ကူးအခါသမယ
သီတင်းကျွတ် အခါသမယ
ကဆုန်လပြည့်နေ့အခါသမယတွေဆိုတာ
မင်းတို့မိဘဘိုးဘွားတွေ
ကုသိုလ်ယူ ပျော်မွေးနေကြတဲ့ရပ်တွေ

ဗုဒ္ဓ မွေးဖွားတဲ့လကဆုန်
အဘိဓမ္မာတရားဟောပြီး
မိဘကျေးဇူးဆပ်ပြတဲ့
သီတင်းကျွတ်အခါသမယတွေ
နှစ်ဟောင်းကုန်မြောက်နှစ်သစ်မှာ
ဘဝအေးချမ်းဖို့ ကုသိုယ်ယူတဲ့နှစ်သစ်ကူး

မိဘစဥ်ဆက်ကိုးကွယ်လာတဲ့
ဘာသာတရားရဲ့တရားနာယူချိန်ခါတွေ

မသက်ဆိုင်ဘူးထင်ရင်
ငြိမ်နေလိုက်ပါ
မစော်ကားကြပါနဲ့

မင်းတို့မိဘဘိုးဘွားတွေကို
ပြန်စော်ကားတယ်လို့မခံစားရဘူးလား

နည်းနည်းလေးမှဝမ်းနည်းစိတ်မဖြစ်ကြဘူးလား

မင်းတို့မို့
ကိုယ့်ဘာသာ
ကိုယ့်ယဥ်ကျေးမှုကိုစော်ကားဖို့
ပြောထွက်ရက်တယ်ကွာ
crd:

Post a Comment

Previous Post Next Post