အနုပညာရှင်တွေရဲ့ ဟန်ဆောင်အပြုံးတွေမရှိသင့်တဲ့ ၂၀၂၃ အကယ်ဒမီဆုပေးပွဲအပိုင်း (၃)


ဒါနဲ့ပတ်သက်ပြီး သတိပြုမိစရာတစ်ခုကို ဥပမာပေးပြီးပြောပြရရင် ၂၀၂၁ ခုနှစ် အာဏာထိန်းခဲ့စဉ်က အချို့သော ကျောင်းသားမိဘတွေက ကျောင်းမတက်နဲ့ ကျောင်း ထွက်ဆိုပြီး CDM လုပ်ဖို့လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ကြတယ်။ အဲလို လှုံ့ဆော်တဲ့သူတွေက သူတို့ရဲ့ သားသမီးတွေကို အခြားသူတွေမသိအောင်ကျောင်းခိုးထားခဲ့တယ်။ နှစ်ကုန်တော့ သူတို့ရဲ့ကလေးတွေကစားမေးပွဲဖြေခွင့်တွေရ၊ အတန်းတွေတက်ကြတယ်။ ကျောင်းမ တက်ဖို့လှုံ့ဆော်တဲ့သူတွေရဲ့စကားကို နားယောင်ခဲ့တဲ့သူတွေရဲ့ သားသမီးတွေကတော့ ကျောင်းမတက်ရဘဲ အပြင်မှာ ဒုက္ခတွေရောက်ကုန်ကြတယ်။ အခုလည်း ငါကတော့ မတက်ဘူးလို့ လေသံတွေလွှင့်ပြီး အဲလိုပြောတဲ့သူတွေက ပွဲနီးကာမှ တက်သွားရင် အနုပညာရှင်တွေ စုစည်းမယ့်ပွဲမှာ ကိုယ်တစ်ယောက်တည်း ထီးထီးကြီးကျန်ခဲ့ပြီး အကျိုးမရှိတဲ့လုပ်ရပ်ကို လုပ်မိသလိုဖြစ်နေမှာကို သတိပြုမိဖို့လိုပါတယ်။

ဒါကြောင့် အနုပညာရှင်တွေအနေနဲ့ ၃ နှစ်ပေါင်းပြီး ဆုချီးမြှင့်မယ့် သမိုင်းဝင် အကယ်ဒမီဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့ ကြားစကားတွေ၊ ခြိမ်းခြောက် ဖိအားပေးခံရတာတွေကို နားမယောင်ဘဲ အနုပညာရှင်တစ်ယောက်ပီသစွာ အနုပညာ စိတ်နဲ့ ခံစားပြီးဘာလုပ်သင့်တယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီလိုမှသာ အကယ်ဒမီ ဆုပေးပွဲတက်ရောက်ချိန်မှာ ဟန်ဆောင်အပြုံးတွေမရှိဘဲ ပကတိအပြုံးတွေနဲ့ သမိုင်းတွင်မယ့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ရောက် ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။ အနုပညာရှင်များအနေဖြင့် နောင်မိမိရဲ့ဘဝသမိုင်း မှတ်တမ်းတစ်လျှောက်မှာ နောင်တမရ ရလေအောင် မိမိ၏စိတ်ဖြင့် မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်ပြီးတက်ခြင်း မတက်ခြင်း ဆောင်ရွက်သင့်ပါတယ်။ တစ်ချိန်က ကိုခိုင်ထူး သီချင်းတစ်ပုဒ်လို “မကောင်းလည်းကိုယ်ပဲ ကောင်းလည်းကိုယ်ပဲ” လို့ ပြောလိုက်ချင်ပါတယ်။

နိုင်စိုး

Post a Comment

Previous Post Next Post