အာဆီယံ-လန်ဒန် ကော်မတီတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံတက်ရောက်

အာဆီယံ-လန်ဒန် ကော်မတီနှင့် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်

(၂၆-၄-၂၀၂၃ ရက်၊ လန်ဒန်)

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးထွန်းအောင်ကျော် သည် ၂၆-၄-၂၀၂၃ ရက်၊ ၀၉၀၀ နာရီတွင် ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး၌ ကျင်းပသည့် လန်ဒန်မြို့အခြေစိုက် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) မှ အာဆီယံသံရုံးအကြီးအကဲများနှင့် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး The Rt Hon Anne Marie Trevelyan တို့အကြား တွေ့ဆုံဆွေးနွေးပွဲပူးပေါင်င်တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်လက်တွဲဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်သည့် အခွင့်အရေးများ၊ အာဆီယံ-ဗြိတိန် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နေမှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Post a Comment

Previous Post Next Post