ဧပြီတွင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ရုရှားမှ ဆာဂေးလာရောဗ့် က တာဝန်ယူသွားမည်

ယူကရိန်းတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ဧပြီလတွင် နူးယော့ခ်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဥက္ကဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကုလ လုံခြုံရေးကောင်စီရှိ အဖွဲ့ဝင် ၁၅ နိုင်ငံသည် လစဉ်လတိုင်း ဥက္ကဌရာထူးကို အလှည့်ကျ တာဝန်ယူရပြီး ဧပြီလတွင် ရုရှားက ကြီးမှူးရမည့် အလှည့် ကျရောက်လာခြင်းဖြစ်သည်။

ယူကရိန်းကမူ ၎င်းနိုင်ငံရှိ အရေးအခင်းနှင့် ပတ်သက်၍ ရုရှားအား လုံခြုံရေးကောင်စီမှ ဖယ်ရှားပေးရန် တောင်းဆိုထားပြီး နောက်လတွင် ရုရှားက ဥက္ကဌအဖြစ် တာဝန်ယူမည် ဆိုသည်မှာ ဆိုးရွားလှသည့် ပြက်လုံး တစ်ခုသာ ဖြစ်သည်ဟုဆိုကာ ရှုံ့ချထားသည်။

Post a Comment

Previous Post Next Post