ခြေရာပျောက် တော်လှန်ရေး


🔶မြန်မာ့အရေးမှာ အကြမ်းဖက် NUG PDF တွေ အာဏာရတာ/မရတာကလည်း အနောက်
အုပ်စုအတွက်အရေးမကြီးပါဘူး။ ဘယ်အစိုးရ
တက်တက် သိပ်ထိထိရောက်ရောက်မကူညီ
ခဲ့တာကြည့်ရင်သိနိုင်တယ်။

NUG PDF တွေကိုရော ထိထိရောက်ရောက်
်ကူညီနေတာရှိလား။

"ယူကရိန်းကိုကူညီနေတာရဲ့ ၁% လောက်တောင် ကူညီခဲ့လား။" မေးစရာဖြစ်နေတယ်။

ဒါက သူတို့ရည်ရွယ်ချက်ကြောင့်ပါ။
.
🔶သူတို့ရည်ရွယ်ချက်ကရှင်းတယ်။ မြန်မာနိုင်ငံမှာ သူတို့ဖြစ်ချင်တာလုပ်ပေးမယ့် ရုပ်သေးအစိုးရ
လောက်လည်း မလိုဘူး။ အချင်းချင်းစိတ်ဝမ်းကွဲပြီး မတည်ငြိမ်အောင်တစ်ခုပဲ ဖြစ်စေချင်တာ။ ဒီလိုနဲ့ တရုတ်ရဲ့  အိန္ဒိယသမုဒ္ဒရာ   ထွက်ပေါက်ကို နှောက်ယှက်ချင်တာ။
.
🔶     ဒီအတွက်ငွေတွေအများကြီးသုံးစရာ
မလိုပါဘူး။ မယားငယ်ပေးပေးထားရင်ရပြီ။
.
🔶      နောက်တစ်ခုက ငွေကြေးစီးဆင်းတဲ့
လမ်းကြောင်းတွေကိုကြည့်ကြည့်ပါဦး။ အကျော်
အခွတွေချည်းပဲ။    အလှူငွေပဲဖြစ်ဖြစ်  ပြည်ပ
အထောက်အပံ့တွေပဲဖြစ်ဖြစ် ပေးသလောက်က တကယ့်နေရာတွေကို မရောက်ခဲ့ပါဘူး။
.
🔶     မယုံရင် အလှူခံလုပ်ပေးနေတဲ့ သူတွေနဲ့ တောထဲက လူတွေကိုယှဉ်ကြည့်လိုက်ပါ။ ဘာမှ မလုပ်ဘဲ အဲကွန်းခန်းထဲက လိုင်းတက်နေတဲ့
သူတွေနဲ့  နေပူထဲဟိုပြေးဒီပြေး ထမင်းဖိုးလေး
ကျည်ဖိုးလေး တောင်းနေတဲ့သူတွေကိုတော့ မတူဘူးဆိုတာ ဘယ်လောက်ပိန်းတဲ့သူဖြစ်ဖြစ်
သိလောက်မှာပါ။
.
🔶       လူတစ်ယောက် ကြက်ဥနဲ့ ထမင်း၂ နှပ်လောက်အဖြစ်လေးစားဖို့ တစ်ရက် ၁၀၀၀ နဲ့ တွက်ရင်တောင် ၁ လ ၃၀၀၀၀ အနည်းဆုံးပဲ။ Dragonfly ခဏမေ့ထားပါ။ စစ်ဝတ်နဲ့ သေနတ်
ရှိပြီးသားထား ကျည်က တစ်လ အတောင့် ၁၀၀ ပဲ သုံးမယ်ထား ။  တစ်တောင့် ၃၀၀၀ လောက်နဲ့ဆို ၃၀၀ ၀၀၀ လိုမယ်။  တစ်ယောက်  အတွက်
အနည်းဆုံး ငွေ ၃၃၀ ၀၀၀   လိုမယ်။ ‌ PDF အယောက်  ၁၀၀၀ စာဆို တစ်လကို
သိန်း ၃၃၀၀ လိုမယ်။
.
🔶  မယားငယ်ပေးပေးနေတဲ့ ထောက်ပံ့ကြေး၊ အရနည်းနေတဲ့အပြင် ဖြတ်အဘုန်းပါခံနေရတဲ့ အလှူငွေတွေ၊   ‌လက်နက်ခဲယမ်းကို ဈေးတင်
ရောင်းပေးနေတဲ့   အမြတ်ကြီးစား တောတွင်း
လက်နက်ကိုင်တွေကြားမှာတော့ ခင်ဗျားတို့
တော်လှန်ရေးက ခေါင်းထောင်နိုင်ဖို့ဆိုတာ.......
.
🔶    မြေပြင်မှာဘာဖြစ်နေလည်း  ပြည်ဖျက် ခေတ်သစ်တို့ BBC တို့မှာ သွားကြည့်ဂျင်းပဲရမယ်။ တော်လှန်ရေးက Facebook ပေါ်မှာ အောင်နေ
တာကို ယုံနေရင် Facebook ပေါ်သာပြောင်း
နေလိုက်။  မြေပြင်မှာ သာယာ မနေကြဘူး။

ဆက်လုပ်လည်း ပြည်သူတွေပဲ အတိဒုက္ခ
ရောက်မှာ ။ခြိမ်းခြောက်တာတောင် သူတို့နိုင်တဲ့ ပြည်သူတွေပဲ  tတ်မယ်ဖြတ်မယ်  ဗုံးခွဲမယ်
်ခြိမ်းခြောက်တာ။ အချို့ဆို ကိုယ်လှူတဲ့ လက်နက်နဲ့ ပြန်အခြိမ်းခြောက်ခံနေရတာ။ ရင်နာစရာ။
.
🔶  PDF ဘယ်လောက်ေtနေလည်း မင်းတို့
သိပေမယ့်မပြောဘူးလေ။ အားပေးတဲ့လူတွေ အားမပေးမှာစိုးတယ်။ အလှူငွေ မရတော့မှာစိုး
တယ်လေ။ ဒီမှာ တစ်ခုတော့ မင်းတို့ သိအောင်
ပြောလိုက်မယ်။ အားပေးနေတဲ့ကောင်တွေက မင်းတို့ဆီလာပေါင်းပြီး ဘယ်တော့မှတော်လှန်ရေး
လာမလုပ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့က လူရေလည်ကြတယ် မပိန်းကြဘူး။ ကလပ်တွေ ပါတီတွေ သင်္ကြန်ခရီးစဉ်တွေနဲ့ ပျော်ပါးနေကြပြီ။ မအားကြဘူးကွ။

အလှူငွေလား   ပေးလည်း  အရင်ကလောက်
မပေးတော့ဘူး။ ဝင်ငွေမကောင်းဘူး အဆင်မပြေ
ဘူးဘာညာနဲ့ပြီးသွားမှာ။ မယုံရင် မင်းတို့ရဲ့မြို့ပေါ်က ဘော်ဒါတွေဖုန်းဆက်ပြီးအကူအညီ တောင်းကြည့်
ပါလား။ ဘာပြောမယ်ထင်လည်း။

အလှူငွေကောက်ပေးတဲ့သူတွေကရော ဘယ်အထိ
ိကောက်ပေးမယ်ထင်လည်း။စစ်တိုက်နေတဲ့‌သူတွေ
ွမသေမချင်း  ကောက်ပေးလိမ့်မယ်။ ‌

"နားလည်မယ် မလည်မယ် ဆိုတာထက်  ပြောသင့်တယ်ထင်လို့သာပြောတာပါ။ မင်းတို့လည်း အခုအခြေအနေထက်တန်ဖိုးရှိရှိ ရှင်သန်နိုင်ကြပါစေကွာ။"

Shwe Teik Soe
(crd)

Post a Comment

Previous Post Next Post