ဘီးလင်းမြို့နယ် နယ်မြေခံတပ်အပေါ်သို့ Drone ဖြင့် Drop Bomb ပစ်ချ


ဧပြီ  ၁၀ ညနေ ၄ နာရီ ၂၅မီးနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာဘက်မှ Drone ၂ စီးလွှင့်တင်ပြီး ကွန်ဂျုးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်အီနာဂါဗုံးသီး ၄ လုံး ပစ်ချခဲ့ရာ  ခမရ(၃)၏ဗဟိုကင်းခေါင်းမိုး ပေါ်သို့ ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဂိတ်(၂) တပ်ဝင်ပေါက် အရှေ့မြောက်ဘက် ကိုက်(၃၀၀) ခန့်အကွာ မြေပြင်ပေါ်သို့ ၂ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပါသည်။

      ခမရ(၃)၏ဗဟိုကင်း ခေါင်မိုးပေါ်ကျရောက် ပေါက်ကွဲမှုကြောင့် သွပ်မိုးနှင့် မျက်နှာကျက်အချို့ ပျက်စီးဆုံးရှုံးခဲ့ကာ တပ်ဖွဲ့ဝင်စစ်သည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊အဆိုပါ Drop Bombပစ်ချသွားသည့် Drone အား ခမရ(၃)မှ စစ်သည်များမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရာ အားထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ကြောင်း၊၎င်းDrone​သည် တရုတ်နိုင်ငံထုတ် V-5 အမျိုးအစားဖြစ်ပြီး ကျန်တစ်စင်းမှာ ပိုင်ဒဝယ်ကျေးရွာဘက်သို့ ပြန်လည်ဆင်းသက်သွားကြောင်း သိရှိရပါသည်။
Crd#Pan

Post a Comment

Previous Post Next Post