ကမ္ဘာတဝန်း ကာကွယ်ရေးအသုံးစရိတ်သုံးစွဲမှု အများဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၆၂ တွင် ရပ်တည်နေဟု Global Firepower ဆို

ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် နှင့် စစ်ဘက်ဆိုင်ရာကိစ္စများကို လေ့လာသုံးသပ်နေဖော်ပြနေသော Global Firepower ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံသည် ၂ဝ၂၃ ခုနှစ်အတွက် အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင် ကာကွယ်ရေးအသုံးစရိတ်အနည်းဆုံး သုံးစွဲမည့် နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။

အဆိုပါအဖွဲ့သည် ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို လေ့လာစောင့်ကြည့်ပြီး အဆင့်သတ်မှတ်ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၆၂ နေရာတွင် ရပ်တည်နေ ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသည် ၂ဝ၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလျံ ကျော် (၂၂၈၅၇ဝဝဝဝဝ) သုံးစွဲမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံများထဲတွင် ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုအနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post