Lion Battalion ဗျုဟာစစ်ကြောင်း ရွှေကုက္ကိုလ်မြို့တိုက်ပွဲမှ ခွာစစ်ဖြင့်ဆုတ်ခွာလာပြီဖြစ်ကြောင်း ဦးဆောင်သူ ဗိုလ်အယ်ဆေးဝါးမပါသည့်ပုံဖြင့် ထုတ်ပြန်


အကျအဆုံး အသေအရှုံးများစွာဖြင့် လက်နက်ခဲယမ်းနှင့် ယာဥ်ငါးစီးပါ သိမ်းဆည်းခံခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည့် Lion Battalion ဗျုဟာစစ်ကြောင်းမှာ ရွှေကုက္ကိုလ်မြို့တိုက်ပွဲမှ ခွာစစ်ဖြင့်ဆုတ်ခွာလာပြီဖြစ်ကြောင်း ဦးဆောင်သူ ဗိုလ်အယ်ဆေးဝါးမပါသည့်ပုံဖြင့် ယနေ့ ထုတ်ပြန်လိုက်သည်။

ကျရှုံးမှုများစွာဖြင့် ဆုတ်ခွာပြေးလာရသည့် Lion Battalion ဗျုဟာစစ်ကြောင်း၏ အသိပေးချက်တွင်"Lion Battalion Commando-ဗျူဟာစစ်ကြောင်းအနေဖြင့် ရွှေကုက္ကိုလ်မြို့တိုက်ပွဲမှ ခွာစစ်ဖြင့် အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့သည်။ တာဝန်ရှိသူအသီးသီး၏ ဦးဆောင်မှုဖြင့်မိခင်တပ်ရင်းအသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်" ဟု ဦးဆောင်သူစစ်ကြောင်းမှူး ဗိုလ်အယ်ဆေးဝါးမပါသည့်ပုံဖြင့် စခန်းရှေ့တွင် ရိုက်ကူးထားပြီး စစ်ကြောင်းတစ်ခုလုံးတွင်လည်း လူ ၁၁ ဦးသာကျန်ရှိသည်ကို ထုတ်ပြန်ချက်ပါပုံအရ တွေ့ရှိရသည်။

ထို့ပြင် ဗိုလ်အယ်စေးဝါးဒဏ်ရာပြင်းထန်စွာရကြောင်း၊ သေဆုံးကြောင်း သတင်းများနှင့်ပတ်သက်၍လည်း မည်သည့်ထုတ်ပြန်ချက်၊ မည်သည့်ဖြေရှင်းချက်မျှ မရှိသော်လည်း ကျရှုံးမှုများစွာဖြင့် ဒဏ်ရာရကာထွက်ပြေးသွားသော ဗိုလ်အယ်ဆေးဝါးမှာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေပြီး ထိုင်းအစိုးရတာဝန်ရှိသူများကလည်း ဗိုလ်အယ်ဆေးဝါးကို မြန်မာအစိုးရတာဝန်ရှိသူများနှင့်ပူးပေါင်းရှာဖွေနေသည်ဟုလည်း သတင်းများ ပျံ့နှံ့နေသည်။

#_news

Post a Comment

Previous Post Next Post