​ဒေါ်စုလက်​ရှောင်သွားလို့ ဖရိုဖရဲဖြစ်​​ကျန်ခဲ့တဲ့NLDကို ဘယ်သူဦး​ဆောင်မလဲ

အင်တာဗျူးမှာ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းပြောသွားတဲ့စကားအရ မုံရွာအောင်ရှင် ထောင်ကလွတ်ပြီး ဒေါ်စန္ဒာမင်း အပါအဝင် NLD ပါတီက အကြီးပိုင်းတွေကို နစက အစိုးရတာဝန်ရှိသူတွေက ခေါ်တွေ့ပြီး ပါတီရုံးတွေကို ပြန်ဖွင့်ချင်ဖွင့်ပါ...ဖွင့်ဖို့လိုအပ်တဲ့အခက်အခဲရှိရင်လည်း ကူညီပါ့မယ်လို့ဆိုတော့ NLD ပါတီက  အစည်းအဝေးထိုင်ပြီး သင့်တော်တဲ့အချိန်ပြန်ဖွင့်ဖို့ သဘောတူခဲ့ကြတယ်တဲ့
...နောက်ပိုင်းမှာ ပါတီတွင်း စိတ်ဝမ်းကွဲမှုတွေကြောင့် ပြန်မဖွင့်နိုင်ခဲ့ပါဘူးတဲ့...
သူ့စကားအရ NLD ဟာ လက်နက်ကိုင်လမ်းစဉ်ကိုထောက်ခံသူနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လက်ခံသူဆိုပြီး  နှစ်ပိုင်းကွဲသွားပါပြီ...ပြီးတော့ မတ်လ ၂၅  ရက်နေ့မှာ ပါတီကိုမှတ်ပုံပြန်တင်ဖို့ ဒေါ်စုကိုသွားတွေ့ကြတော့ CEC တွေက တစ်ယောက်မှ သွားမတွေ့ကြဘူး...ဒါ့ကြောင့် ဗဟိုကော်မတီဝင်တွေကပဲ သွားတွေ့ကြပေမဲ့ ဒေါ်စုက တစ်ယောက်မှ ထွက်မတွေ့တော့ဘဲ လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါလို့ပဲပြောခဲ့တယ်...​ဒီအတိုင်းဆိုရင် ဒေါ်စုဟာ သူ့အသက်အရွယ်အရ သူ့ပုံရိပ်ကို ဆုပ်ကိုင်ပြီး ဘေးထွက်ထိုင်နေဖို့ များသွားလို့ ဒေါ်စုအလွန် NLD ရဲ့ နိုင်ငံရေးဟာ တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်ကြဦးမယ့် သဘောတွေ့မြင်လာရပြီ...ဒီတော့ ဘယ်လိုလူမျိုးက ပါတီရဲ့ရပ်တည်ချက်ကို ဆုပ်ကိုင်ပြီး ခေါင်းဆောင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ...

Post a Comment

Previous Post Next Post