NUG ၏ စစ်ရာဇဝတ်မှု




ကန့်ဘလူ ပဇီကြီးဖြစ်စဉ်မှာ NUG ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဘယ်လိုစစ်ရာဇဝတ်မှုမြောက်တာလည်းဆိုရင် အရပ်သားဖြစ်တဲ့ ကျေးရွာသူကျေးရွာသားတွေကို "လူသားဒိုင်း"အဖြစ် အသုံးချခဲ့လို့ပါ။
ရွာသူရွာသားတွေက ပအဖရုံးခန်းဖွင့်ပွဲအလှူကို လာကြတာပဲ၊ လူသားဒိုင်းလို့ ခေါ်လို့ရပါ့မလားလို့ မေးချင်ကြမယ်။ ဟုတ်ကဲ့၊ သူ့သဘောနဲ့သူ ရုံးဖွင့်ပွဲကို လာရင်လည်း "လူသားဒိုင်း" အဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါမယ်။
"လူသားဒိုင်း"ဆိုတဲ့ အခေါ်အဝေါ်ကို အဓိပ္ပါယ်ဖွင့်ဆိုချက် အတိအကျ ရှိပါတယ်။
"စစ်ရေးအရရည်မှန်းချက်များကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် (သို့မဟုတ်) စစ်ဆင်ရေးများကို ကာကွယ်ရန်၊ အသာစီးရရန် (သို့မဟုတ်) နှောင့်နှေးစေရန်  အရပ်သားများကို လည်းကောင်း၊  အရပ်သားထု၏ လှုပ်ရှားမှုကိုလည်းကောင်း "အရပ်သားများ၏ သဘောဆန္ဒနှင့်ဖြစ်စေ၊ သဘောဆန္ဒမပါဘဲဖြစ်စေ" IHL က တားမြစ်ထားသည့် စစ်ပွဲနည်းနာတခုတွင် ပါဝင်စေခြင်းကို လူသားဒိုင်းဟု ခေါ်ဆိုသည်။ "
(IHL = International Humanitarian Law)

ပဇီကြီးတွင် ဖွင့်လှစ်သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)သည် NUG ၏ စစ်ရေးအရ ဖွဲ့စည်းသော ရည်မှန်းချက်တခုဖြစ်သည်။ ပအဖ ရုံးဖွင့်သည်ကိုကြားလျှင် အစိုးရစစ်တပ်ကလည်း မလွှဲမသွေ ချက်ချင်း လာတိုက်ပေမည်။ ဤသည်ကို NUG က ကောင်းကောင်းသဘောပေါက်သည်။ ထို့ကြောင့် ထိုသို့တိုက်ခိုက်လာခြင်းမှ ကာကွယ်ရန် အရပ်သားများကို ရုံးခန်းဖွင့်ပွဲသို့ ထမင်းဖိတ်ကျွေးသည်။ အရပ်သားများရှိနေလျှင် စစ်တပ်က လာမတိုက်ဟု သူတို့ထင်သည်။ လူသားဒိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ရန်သူ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် အရပ်သားများကို ဗော်လံတီယာတက်ရောက်သူများအနေနှင့် အသုံးချခြင်းပင် ဖြစ်သည်။ ထို့ကြောင့် NUG လုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်သည်။
( လူသားဒိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အရေးကြီးတဲ့ ဒီစာကြောင်းလေး ဘာသာပြန်တဲ့ အထဲမေ့ကျန်ခဲ့လို့ ဖြည့်စွက်လိုက်ပါတယ်။ ဖြည့်စွက်ချက် - "အရပ်သားများ၏ သဘောဆန္ဒနှင့်ဖြစ်စေ၊ သဘောဆန္ဒမပါဘဲဖြစ်စေ")
ကိုးကားရည်ညွှန်းချက်။
(အောက်ပါစာသားများဖြင့် အင်တာနက်ပေါ်တွင် ရှာဖွေဖတ်ရှုနိုင်သည်။)
The term “human shields” describes a method of warfare prohibited by IHL where the presence of civilians or the movement of the civilian population, whether voluntary or involuntary, is used in order to shield military objectives from attack, or to shield, favor or impede military operations.
The use of human shields is forbidden by Protocol I of the Geneva Conventions. It is also a specific intent war crime as codified in the Rome Statute, which was adopted in 1998.

စာရေးသူ အောင်မိုးနိုင်။

Post a Comment

Previous Post Next Post