The Elders အဖွဲ့က ဘန်ကီမွန်းခရီးစဉ်နဲ့ပတ်သက်ပြီးစာထုတ်ပြန်

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တို့အဖွဲ့အစည်းဖြစ်တဲ့ The Elders အဖွဲ့က ဘန်ကီမွန်းခရီးစဉ်နဲ့ပတ်သက်ပြီးစာထုတ်ပြန်လိုက်ပါတယ်။

၎င်းထုတ်ပြန်ချက်တွင် တွေ့ဆုံမှု အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လိုက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန် တို့ကိုတွေ့ဆုံခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ NUG အပါအဝင် သက်ဆိုင်သူအားလုံးနှင့်ဆွေးနွေးအဖြေရှာရန်၊ အာဆီယံဘုံ သဘော တူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် တို့ကို တိုက်တွန်း ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

"ကျနော် မြန်မာနိုင်ငံကို လာခဲ့တာက ဖြစ်ပေါ်နေတဲ့ ပြသနာတွေ ဖြေရှင်းအ‌ဖြေရှာဖို့နဲ့ NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ ဖြစ်ပါတယ်။ ကျနော်ရဲ့ခရီးစဉ်လာရောက် တွေ့ဆုံမှုက အဖြေရှာဖို့ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့အတွက်ထိုက်တန်တဲ့ ငြိမ်းချမ်း ရေး၊ သာယာ၀ပြောရေး၊ လွတ်လပ်မှုတွေရနိုင်ဖို့ ကျနော်တတ်နိုင်တာအားလုံး လုပ်သွားပါ့မယ်  " ဟု ဘန်ကီမွန်းက ထုတ်ဖော်ပြောဆိုသည်။

ထုတ်ပြန်စာထဲမှာကန့်ဘလူ လေကြောင်း တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း တဖက်သတ်ဖော်ပြထားပါတယ်။

နစကအနေဖြင့် လက်ရှိ အခြေ အနေတွင် ရွေးကောက်ပွဲ ကျင်းပလျှင် အာဆီယံ၊ နိုင်ငံတကာ အသိုင်း အ၀ိုင်းနှင့် မြန်မာပြည်သူများက အသိအမှတ်ပြုမည်မဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုနှင့် သဘောထားကွဲပြားမှုများ ပိုမိုမြင့်တက်လာပြီး ပိုဆိုးနိုင်ဖွယ်ဖြစ်ကြောင်း၊ ပြသနာ‌တွေကို သက်ဆိုင်သူများနဲ့ အရင်ဖြေရှင်းပြီး တည်ငြိမ်အေးချမ်းမှသာ ရွေးကောက်ပွဲလုပ်သင့်ပါကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

#Tgn

Post a Comment

Previous Post Next Post