ကံစီမံရာ မုန်တိုင်းလမ်းကြောင်း


အရင် မုန်တိုင်း ဦးတည်တာက မြန်မာပြည်အောက်ဘက် ဧရာဝတီနဲ့ ရန်ကုန်ဆိုပြီး မှန်းကြတယ်။ နောက်ပိုင်း အိန္ဒိယလည်း မဟုတ်၊ မြန်မာလည်း မပါဘူးလို့ ထပ်ပြီး ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိလမ်းကြောင်းအရဆိုရင် စစ်တွေ အပေါ်ဘက်ကနေ မြန်မာနိုင်ငံ အနောက်မြောက်ကို ဖြတ်ဝင်မဲ့ သဘောရှိတာ တွေ့ရတယ်။ 

မုန်တိုင်းက တနာရီကို မိုင် ၁၀၀ ကျော်နှုန်းဆိုတော့ အညှာဒေသတွေ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးနဲ့ ချင်းဟာ အတော်ခံရမဲ့ သဘောရှိတယ်။ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ မြေပြိုတာ၊ ရေကြီးတာ ၊ လေပြင်းကြောင့် သစ်ပင်လဲတာ၊ အိမ်တွေ သွပ်ပြားလန်တာ စသဖြင့် ဖြစ်လာကြတော့မယ်။ 

အရင် စစ်ပွဲမရှိရင်တော့ အညှာဒေသကို စစ်သားတွေက ၂၄ နာရီ မဆိုင်းဘဲ ချက်ခြင်းကယ်ဆယ်ရေး လုပ်ကြမှာပါပဲ။ ခုကြ စစ်ကိုင်းဒေသဟာ အရင်လို အဖြူရောင်ဒေသမဟုတ်တော့ဘူး။ အဓိက လမ်းမကြီးတွေကိုတောင် ဆီပုံးအခွံတွေနဲ့ လုပ်တဲ့ ပဒေသာမိုင်းတွေခင်းပြီး စစ်‌ပြင်နေတဲ့ နေရာဖြစ်လေတော့ အရင်လို ကိုယ်ဖိရင်ဖိ လုပ်နိုင်မယ်မထင်ဘူး။ ကမ္ဘာက ခန့်မှန်းတာကတော့ လူဦးရေသန်းချီ ဒုက္ခရောက်မယ်လို့လည်း ရေးထားတာလည်း တွေ့ရတယ်။ အထူးသဖြင့် မုန်တိုင်းနဲ့ဆက်စပ်ပြီး ဖြစ်လာမဲ့ ဘေးတွေကို အဓိက ရင်ဆိုင်ရမှာ။ 

နာဂစ်တုန်းက ပင်လယ်ကမ်းစပ်မို့ အထိအခိုက်ရှိခဲ့ပေမယ့် ခုကြတော့ ကုန်းတွင်းပိုင်းထိပါ မိုင် ၁၀၀ ကျော်တိုက်ခိုက်မဲ့လေပြင်းဟာ အထိအခိုက် ရှိလာမှာ ကျိန်းသေပါပဲ။ ဘာသာရေး အရ ကြည့်ရင် မကောင်းသူပယ် ကောင်းသူကယ်ပါပဲ။ သေချာတာကတော့ စစ်ကိုင်းဟာ ရဟန်းသံဃာတွေ အသတ်များခဲ့တဲ့ ဒေသဆိုတာ ငြင်းမရနိုင်တာ အမှန်ပါပဲ။ 


#ဖိုးစီ

Post a Comment

Previous Post Next Post