အော် ပန်ဆယ်လိုရယ်…. အမေရိကားကလဲကြွေးထူ၊ ရုရှားကလဲ ယူကရိန်းနဲ့ စစ်ဖြစ်လို့ ရေနံဈေးတွေ ခေါင်ခိုက်နေချိန် ၊ တရုတ်ကလဲ ပြည်ပကြွေးမြီ တွေ ၂၄ ထရီလီယံလောက်ရှိသတဲ့၊ ကမ္ဘာကြီး ကျန်းမာရေးကောင်းတာ မကောင်းတာ အပထား ပန်ဆယ်လိုကတော့ တစ်သက်တာ ခိုင်ဖို့အရေး ဘယ်လို အလှူခံရ ခံရ လုပ်နေအုံးမှာပါ..။
ခုလဲ ကြည့်လေ.. အားလုံးကို ပါဝင်ခိုင်းနေပြန်ပြီ.. ရခိုင်က မိုခါ မုန်တိုင်းအတွက် အလှူကျတော့ မခံပေးဘူး.. မြန်မာပြည်မှာ လက်နက်ဝယ်ဖို့အတွက် တစ်ရက်စာတဲ့ မရိုးနိုင်တဲ့ပုံပြင်ပါ ဘယ်သူမှလဲ မယုံပါ..။ စာရင်းမရှိအင်းမရှိတဲ့ ပြဿနာအတက်ခံပြီး ပေါင်းကြံအုံးမယ်လေ..။ မယ်တင်… တို့ကတော့ ရိုးနေပါပြီ..။ အမေရိကားမှာ ညဆိုရင် အာရှဘက်က နေ့ဆိုပြီး.. အလှူခံတယ်.. အာရှက ညဆိုရင် အမေရိကားဘက်လှည့်အလှူခံတယ်.. ပြောလိုက်ရင် တော်လှန်ရေးအတွက် အလုပ်ရှုပ်တယ် နေ့မအား ညမနား အလှူခံတယ်ဆိုရင်လဲ ခံတယ်ပေါ့လေ..။ မယ်တင်တို့ မြန်မာပြည်လဲ ဒီလောက်ကြပ်တည်းနေရာ. PDF က တစ်မျိုး မိုင်းခွဲတာနဲ့.. အနုကြမ်းစီး ဓါးပြ တိုက်ရတာနဲ့.. အတော်ကို ဟုတ်နေတဲ့ မြန်မာပြည်က အလှူငွေတွေကို မျှော်လင့်နေတဲ့ ပန်ဆယ်လိုဟာ တစ်သက်တာ ခိုင်ဖို့ မြန်မာပြည်အတွက် တစ်ရက်စာဆိုပြီး လုပ်နေပြန်ပြီ.. မယ်တင်ရဲ့ အသိတွေ ကို အသိပေးပါရစေ.. ခိုင်လုံတဲ့သတင်းအရ.. ဒီကောင်မှ စတိုးဆိုင်ဖွင့်တဲ့ကိစ္စ အကြီးအကျယ် ပြဿနာတက်နေပါသတဲ့.. ငွေလဲ လိုနေပါသတဲ့လေ.. ။ ချင့်ယုံ…… ကြည့်စား၊ ကြည့်နေ ကြပါ အမျိုးတို့ရေးးး.. #DGF21NewsMalTinvsPenciloMM9
ခင်တဲ့…. မယ်တင်..
Post a Comment