ပြည်သူတွေကို သတင်းအဆိပ်ခပ် ကျင့်ဝတ်ပျက်တဲ့မီဒီယာအမည်ခံ လေလှိင်းပေါ်က လူသတ်သမားများနှင့် ပတ်သတ်၍ ဧပြီလအတွင်းတွေ့ရှိချက်များ


ဒီတစ်လမှာတော့ ပြည်တွင်း/ ပြည်ပမီဒီယာ(၆)ခုဖြစ်တဲ့ Khit Thit ၊ Mizzima ၊  DVB နှင့် RFA Page အပါအဝင် အခြားမီဒီယာများ၏ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ လုပ်ကြံသတင်းအတု/ သတင်းအမှား/ သတင်းအမှန် အချက်အလက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။ ဒီသတင်းစစ်တမ်းနဲ့ပတ်သက်ပြီး ယခုလမှာတော့ ပြည်ပအားကိုး ဒေါ်လာစားမီဒီယာအမည်ခံအချိုမှ သတင်းအတု၊ သတင်းအမှားများနှင့် ပတ်သက်၍ သတင်းအတုများ လုပ်ကြံရေးသားခြင်းနှင့် ဖြစ်စဉ်ရှိသော်လည်း အမှန်အတိုင်းမရေး သားဘဲ မဟုတ်မမှန်ရေးသားထားခြင်းတိုအား ဇယားဖြင့်အကျဉ်းချုံးဖော်ပြ ပေးလိုက်ပါ တယ်။ ခုဖော်ပြထားတဲ့သတင်းစိစစ်ချက်တွေကို အသေးစိတ်လေ့လာကြည့်ရင် စိစစ် ထားတဲ့ သတင်းစုစုပေါင်း ၆၉၄ ပုဒ်ရှိပြီး လုပ်ကြံသတင်းအတု ၃၂၂ ပုဒ် (၄၆.၄၀ ရာခိုင် နှုန်း)၊ သတင်းအမှား ၃၀၇ ပုဒ် (၄၄.၂၄ ရာခိုင်နှုန်း) စုစုပေါင်း ၉၀.၆၄ ရာခိုင်နှုန်း ဖြစ်နေ တာကို တွေ့ရှိခဲ့ပါတယ်။ အလွယ်ပြောရရင် ဒီမီဒီယာတွေတင်တဲ့ သတင်းအပုဒ် ၁၀၀ မှာ အပုဒ် ၉၀ ကျော်က သတင်းအတုနဲ့သတင်းအမှားတွေ ဖြစ်နေတယ်ဆိုတာ အချက်  အလက်တွေက ဖော်ပြနေပါတယ်။
လူမှုကွန်ယက် (Facebook) မှ တဆင့် ပြည်သူများထံ သတင်းများရေးသားကာ ဝါဒဖြန့်နေသော ပြည်ဖျက်မီဒီယာ (၆) ခုဖြစ်တဲ့ Khit Thit၊ Mizzima၊ DVB၊ RFA၊ Ayeyarwaddy Times နှင့် မြေလတ်အသံ တို၏ သတင်းများအားစိစစ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာများရေးသားတဲ့ တိုက်ပွဲဖြစ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းတိုဖြင့် တိုက်ခိုက်တယ်ဆိုတဲ့ သတင်းများနှင့် ပတ်သက်၍ စိစစ်ရာတွင် လုပ်ကြံရေးသား ထားသော သတင်းအတုမှာ ၂၆၉ ပုဒ်ရှိပြီး မှားယွင်းစွာရေးသားထားတဲ့ သတင်းအမှား ၂၅၇ ပုဒ်ရှိကြောင်း၊ သတင်းအမှားများ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ရေကစား ပွဲတော်ကျင်းပနေချိန်တွင် KIA/ KNDF/ PDF များ၏  မဆင်မခြင်ယုတ်မာစွာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်အတွင်း၌ အရပ်သားပြည်သူ ကျား ၁၅ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ အရပ်သားပြည်သူ ကျား  ၂ ဦးနှင့် မ ၃ ဦး သေဆုံးကာ ကျား ၁၀ ဦး(ကလေးငယ် ၁ ဦးအပါ) နှင့် မ ၁၆ ဦး စုစုပေါင်း ၂၆ ဦးတို ဒဏ်ရာများရရှိခဲ့ကြောင်း စိစစ်သိရှိရပြီး အဆိုပါ ဖြစ်စဉ်များအား ပြည်ဖျက်မီဒီယာများက အမှန်ရေးသားခြင်းမပြုဘဲ လုံခြုံရေး တပ်ဖွဲဝင်များ တိုက်ခိုက်ခံရတယ်ဟု ဗြောင်လိမ်ဗြောင်စားရေးထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ကျေးရွာများအား မီးရှိတယ်ဟု ရေးသားထားသော သတင်းများနှင့် ပတ်သက်၍ လုပ်ကြံရေးသားထားသော သတင်းအတု ၃၄ ပုဒ်ရှိပြီး သတင်းအမှား ၄၁ ပုဒ်ရှိကြောင်း၊ သတင်းအမှား ၄၁ ပုဒ်တွင် နယ်မြေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေရှင်းလင်းရန် စစ်ကြောင်းများ ဝင်ရောက်လာသည့်အခါများတွင် PDF များမှ ရွာများအား မီးရှိဖျက်ဆီးကာ ထွက်ပြေးတာကို  အမှန်ရေးသားခြင်းမပြုဘဲ တပ်က ရွာတွေကိုမီးရှိတယ်ဟုစွပ်စွဲပြီး ပြည်သူများမုန်းတီးစေရန် အပုတ်ချ၍ လိမ်ညာ ရေးသားခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါသည်။ အခြားသတင်းများနှင့်ပတ်သက်၍ လုပ်ကြံရေးသားတဲ့ သတင်းအတု ၁၉ ပုဒ်ရှိပြီး သတင်းအမှား ၉ ပုဒ် ရှိကြောင်း စိစစ် သိရှိရပါတယ်။ အခြားသတင်းများတွင် PDF များမှ အပြစ်မဲ့ ပြည်သူများအား ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို အမှန်မရေးသားဘဲ တပ်အား အပြစ် ပုံချကာ ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ပြည်ဖျက်မီဒီယာ များမှ တည်ငြိမ်အေးချမ်းမှုကို မလိုလားဘဲ အကြမ်းဖက်သမားများ၏ အဖျက်အမှောက် လုပ်ရပ်များကို တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်ဖြင့် အမှားကို အမှန်ဟု ထင်စေရန် အများ ပြည်သူများထံ လိမ်ညာရေးသားကာ ဝါဒဖြန့်ရေးသားနေခြင်းဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ ငွေတစ်မျက်နှာပဲကြည့်သော ပြည်ဖျက်မီဒီယာများရဲ့ ဝါဒဖြန့်ရေးသားတဲ့ သတင်းများကို အများပြည်သူများအနေဖြင့် သတင်းအဆိပ်မမိဖိုလည်း အရေးကြီးပါ တယ်။ ပြည်ဖျက်မီဒီယာများရဲ့ ဧပြီလအတွင်း ရေးသားထားတဲ့ သတင်းများကို စိစစ်၍ ကိန်းဂဏာန်း အချက်အလက်များဖြင့် ဖော်ပြပေးလိုက်ပါတယ်။

Post a Comment

Previous Post Next Post