ပြည်ပသြဇာခံ ပုဂ္ဂိုလ်များအား နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနယ်ပယ်တို့၌ ဝင်ရောက်ဆောင်ရွက်မှုများကို ထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းရန် နစက စီစဉ်နေ


ပြည်ပသြဇာခံ ပုဂ္ဂိုလ်များအား နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနယ်ပယ်တို့၌ ဝင်ရောက်ဆောင်ရွက်မှုများကို ထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းရန် နစကမှ စီစဉ်နေကြောင်း သိရပါတယ်။

အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အကျိုးစီးပွားနှင့်လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို အကောင်ထည်ဖော်ရာ၌ ပြည်ပသြဇာလွှမ်းမိုးမှုခံရသော ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများထံမှ အဆက်အသွယ်ရယူကာ နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေး မှုစသည့် နယ်ပယ်အသီးသီးတွင် ဝင်ရောက်ဆောင်ရွက်မှုများကို ကာကွယ်ထိန်းချုပ်သွားမည်ဟု နစကဘက်က ဆိုထားပါတယ်။

ထိုသို့ ကာကွယ်ထိန်းချုပ်ရန်အတွက် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ရဲဗိုလ်ချုပ်အောင်နိုင်သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စုစုပေါင်းအဖွဲ့ဝင်(၁၉)ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post