မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင် (၆၈၅) ဦး စစ်တွေသို့ထွက်ခွာ


ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦးအား တင်ဆောင်၍ ယမန်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်-စစ်တွေခရီးစဉ်အတိုင်း ထွက်ခွာသွားကြကြောင်း သိရသည်။

တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပြင် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦး၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူ ပြုပစ္စည်းများ၊ ဆန် ၂၀၀ အိတ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန်ခန့်တို့အားလည်းကောင်း တင် ဆောင်သွားကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တပ်ဖွဲ့ဝင်များအား အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံသည့် ထောက်ပံ့ငွေကျပ်သိန်းတစ်ရာနှင့် ရေသန့်ဘူး ၂၀၀ တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

#PeopleMedia

Post a Comment

Previous Post Next Post