သင်တို့တွေ အေးချမ်းစွာအိပ်နေချိန် သူတို့တွေ ဘယ်လောက်ထိပေးဆပ် ပင်ပန်းခံနေလဲ သိကြလား...?



သင်တို့တွေ မိသားစုနဲ့အတူရှိနေချိန် သူတို့တွေ မိသားစုနဲ့ခွဲခွါ နိုင်ငံတာဝန် ကျေပြွန်အောင်ထမ်းဆောင်နေတာ သိကြလား။

သင်တို့တွေ ပျော်ရွှင်စွာ လည်ပတ်နေချိန် သူတို့တွေ သွေးနဲ့ ချွေးနဲ့ရင်းပြီး ကာကွယ်ပေးနေတာ ယူတို့သိကြရဲ့လား။

လေးလံတဲ့ ကျောပိုးအိတ်ကိုယ်စီထမ်းလို့ တောတောင် လျှိုမြှောင်တွေကြား အသက်နဲ့ရင်းပြီး အမိမြေကို ကာကွယ်ပေးနေကြသူ ။

မလိုမုန်းထား စိတ်မျိုးတွေမရှိ တာဝန်ကို ကျေပြွှန်စွာထမ်းဆောင်နေကြသူ။

မုန်းတီးနေကြသူတွေကြားထဲ အပြုံးမပျက် ကာကွယ်ပေးနေကြသူ။

သူတို့လည်း နားချင်မှာပေါ့။
သူတို့လည်း မိသားစုအနား၊ ချစ်တဲ့သူအနား၊ အပေါင်းသင်းတွေနား နေချင်ရှာမှာပေါ့။

မိုးရွာရွာ နေပူပူ ဘာမှမမှုဘဲ နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကို သွေးနဲ့ချွေးနဲ့ရင်းပြီး ပေးတပ်နေရသူတွေကို အကောင်းမမြင်ရင်တောင် အပြစ်မမြင်မိကြနဲ့။

သူတို့လုပ်နေတာ အမိမြေအတွက်။
သူတို့လုပ်နေတာ နိုင်ငံတော်အတွက်။

သာမာန်လူမရင်းနိုင်တဲ့ အသက် သွေး ချွေးတွေကိုရင်းပြီ အားလုံးအတွက် ရင်ကော့ခေါင်းမော့ ရှိနေကြတာ 💝💚

Nan

Post a Comment

Previous Post Next Post