တော်လှန်ရေး ကျဆုံးခန်း ဤခရီးနီးလာပြီလား?


လူဆိုတာ သူများကို ညာလို့ရချင်ရပေမယ့် ကိုယ့်ကိုကိုယ် ကိုယ်တိုင်ညာဖို့ တော့ မဖြစ်နိုင်ဘူးဆိုတာ သက်သေပြလိုက်ပါပြီ။

ဒီပို့စ်ကိုမြင်မိတော့ မကြာသေးခင်ကာလက Zoom video ဖိုင်တစ်ခုမှာ CDM (သို့) တော်လှန်ရေးထဲကို ဝင်ရောက်မယ့်သူက ဒါအကုန်ပါပဲ၊ ဒီထက်လည်း မရှိနိုင်တော့ပါဘူးလို့ ‌ပြောကြားခဲ့တဲ့ ကိုပေါက်ရဲ့  အပြောကို မှတ်မိနေသေးပါတယ်။

ဒီနေ့ဒီနေရာ ဒီတောထဲမှာ ရှိပေမယ့် နောက်နေ့ မှာ အလင်းဝင်သွားပြီး ရှိချင်မှ ရှိမယ်ဆိုတဲ့ သူတို့ကိုယ် သူတို့ အာမမခံနိုင်ဘူးဆိုတဲ့ အကြောင်းကိုလည်း တခါတည်းထည့်သွင်း ပြောကြားခဲ့တာ ထို ဗီဒီယိုထဲမှာ တွေ့ခဲ့ကြမှာပါ။

၂ နှစ်ကျော်လို့ ၃ နှစ်အတွင်း ရောက်လာတဲ့ တော်လှန်ရေးမှာ ပြည်ပမှာ သာသာယာယာနေထိုင်ရတဲ့ သူတို့တောင် ဒီလောက်စိတ်ပျက်နေရင် မြေပြင်က ဘယ်နေ့ သေးမှန်း မသိဘဲ လက်နက်ကိုင် တိုက်နေတဲ့ PDF တွေ အမြင်မှန်ရလို့ အလင်းဝင်၊ ဘယ်လောက် စိတ်ဓာတ်ကျနေမလဲဆိုတာ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။

နောက်တစ်ခုက တည်ဆဲအစိုးရတစ်ရပ်ကို ပြည်ပြေးအဖွဲ့က တော်လှန်ပြီး နိုင်သွားမယ်လို့ သာဓကတွေရော ရှိဘူးလားဆိုတာ သမိုင်းကို ပြန်ကြည့်သင့်ပါတယ်။
#MinZawLwin

Post a Comment

Previous Post Next Post