တကယ်လုပ်၍အဟုတ်ဖြစ်ခဲ့လေပြီ...

ဒီတခါအကယ်ဒမီပေးပွဲမှာတော့ 
အနုပညာရှင်အများစုဟာ 
မသာရုပ်ခံ တွေနဲ့တက်ရောက်
လာကြတာတွေ့လိုက်ရပါတယ်။

မရီမပြုံးနိူင်ကြပါဘူး ဆိုတဲ့ 
message ပေးချင်ကြပုံပါဘဲ။
မကောင်းတတ်၍လာရပါတယ်ဆိုတဲ့
သဘောလား သို့မဟုတ် မချစ်သော်လဲ
အောင့်ကာနမ်းနေတာလား ဘာလားညာလား 
သိသာလှပါတယ်။

ဘာလက်ဝတ်လက်စားမှ ဝတ်ဆင်မလာတဲ့
အိနြ္ဒာကျော်ဇင် ၊တစ်ချိန်လုံးတည်တည်နေသွားတဲ့
ခင်စပါယ်ဦး၊အကယ်ဒမီရတာတောင် မျက်နှာပေး
က နားလည်ရခက်တဲ့ရွှေမှုန်ရတီ စသဖြင့်
ပရိဿတ်ကတော့ သိသာလှချည်လားဟ လို့
ဖြစ်‌နေကြရပါတယ်။

အကယ်ဒမီပေးပွဲကျင်းပတဲ့ရာသီကလဲ
စောင်ကျိုးနည်းလှအောင်ပူတဲ့ အချိန်ဆိုတော့
တက်သာတက်ရ ဘယ်သက်တောင့်သက်သာ
ဖြစ်ပါတော့မလဲ၊ဒါတော့ကိုယ်ချင်းစာမိပါတယ်။

အကယ်ဒမီပေးပွဲမှာ တင်ဆက်မှုတစ်ချို့  
ကြားညှပ် ဖြေဖျော်တာတွေက အချိန်ကို
ပိုကြန့်ကြာစေတာကြောင့် တက်ရောက်သူတိုင်း
စိတ်ကသိကအောင့်ဖြစ်ဘို့သာပိုများပါတယ်။

ကျင်းပချိန်ကြာလေလေ 
ဒုက္ခခံခိုင်းနေတာနဲ့တူလေလေ ဖြစ်ပါတယ်။
ဦးကြည်စိုးထွန်း စကားပြောသွားတာကတော့
တကယ်ပညာပါပါတယ်။သူနားလည်တယ်၊
ပူရတဲ့အထဲဘယ်သူမှအကြာကြီး ပြောနေတာနားထောင်ချင်မှာမဟုတ်သလို 
သူ့လောကသားတွေဟာဘယ်ဘက်နားက
ဝင်လဲညာဘက်ကထွက်သွားမှာဘဲ‌
ဆိုတာသူသိတယ်။
ဒါ့ကြောင့်
စက္ကန့်မျှလောက်သာပြောသွားတာ
ကြေနပ်စရာပါဘဲ။
ကြားထဲက ဖျော်ဖြေမှုတွေက 
ဒီရာသီနဲ့တော့မအပ်စပ်ဘူးဖြစ်နေတယ်။
ပြီးတော့ အကယ်ဒမီရသူတချို့ရဲ့
ကျေးဇူးတင်စကားကိုလဲ 
အော် အင်း အင်း လို့ဘဲမှတ်ချက်ချမိပါတယ်။

န်ိင်ငံရေးပြဿနာနဲ့ အနုပညာ ဟာ 
တခြားဆီပါ ဆိုတာကို အခင်းအကျင်းနဲ့တကွ
တပ်မတော်က လုပ်ပြကိုင်ပြလိုက်တာပါ။

2021ဖြစ်စဉ်မှာ ဦးဆောင်ပါဝင်ခဲ့ကြပြီး
ဒီနေ့ နိုင်ငံတော် အခက်အခဲ၊ 
နိုင်ငံသားများသေကြေနေရတဲ့
ပျက်စီးဆုံးရူံးမှုပေါင်းများစွာတို့ရဲ့
လက်သည် တွေမှာ  ရုပ်ရှင်၊ဂီတ၊
သဘင် လောကက ထိပ်ဆုံးကပါတာ 
အားလုံးသိကြပါတယ်။
ဗွေသာယူတတ်ခဲ့မယ်၊တဘက်ကလူတွေလို
အာဃာတနဲ့တည်‌ဆောက်နေမယ်၊
မင်းတို့စနက်ကြောင့် 
ခုထိထိန်းမနိုင်သိမ်းမရတာလို့ 
ဒေါသအမျက်နဲ့အပြစ်တင်ခဲ့မယ် ဆိုရင်
စောက်မြင်ကတ်ပုဒ်မနဲ့တင်
အရေခွံဆွဲစုတ်ပစ်လို့ရပါတယ်။

CDMလုပ်ကြပါဆိုတဲ့ လှုံ့ဆော်မှုကို
ယုံမိလို့ အစိုးရဝန်ထမ်းအချို့ 
ဘဝပျက်ခဲ့ကြရပြီးပြီဘဲ၊
လူတွေဟာ ဒါကို
ကောင်းကောင်းသိထားကြပါတယ်။

မနေ့ညကအကယ်ဒမီပေးလိုက်တာကတော့
အနုပညာ အသိအမှတ်ပြုမှုမှာ 
ကျောသားရင်သား မခွဲခြားပါဘူးကွာလို့  
ထုတ်ဖေါ်လှစ်ဟလိုက်တာသာ ဖြစ်ပါတယ်။
တစ်နည်း နိုင်ငံတော်ဆိုတာ
အာဃာတဒေါသနဲ့တည်ဆောက်တာထက် 
မေတ္တာတွေသည်းခံခွင့်လွှတ်ခြင်းနဲ့ 
အပေးအယူလုပ်မှ ခိုင်မာတဲ့အုတ်မြစ် 
ရေရည်မြဲတဲ့အကာအရံတံတိုင်း ဖြစ်စေတယ်လို့ ဆိုလိုတာပါ။

မင်းမော်ကွန်း ပုန်ကန်ထွက်ပြေးခဲ့လို့
မတက်ရောက်နိုင်တော့‌ပေမဲ့
နေတိုး၊ကျော်ကျော်ဗို‌တို့ကတော့ 
နိုင်ငံသားစစ်မြဲ၊နိုင်ငံတော်နဲ့ တွဲမြဲ ၊
နိုင်ငံအရိပ်ခိုမြဲ ဆိုတာ လဲမြင်နိုင်ပါတယ်။

မလှမပဖြစ်‌ နေတဲ့ တိုင်းပြည်‌ကို လှပစိုပြေ
လာအောင်၊မတင့်တယ်ရင်တင့်တယ်
သားနားအောင်ကြိုးစားပေးဘို့သည် 
နိုင်ငံသားတိုင်းရဲ့တာဝန်ပါဘဲ။

တပ်မတော်ဘက်က ဒီပလိုမေစီပြောင်းတာ
သိပ်မြင့်တယ်၊တော်တော်များများသော
သူတွေက စုတ်ပြတ်သတ်ထွက်သွားအောင်
လက်စွမ်းပြစေချင်ပေမဲ့ မလုပ်ဘူးဆိုတာ
ဒီနိုင်ငံသားခြင်းမို့လို့  ၊လုပ်လိုက်ရင်
အကုန်သေယုံကြေယုံအပြင် အကျိုးပိုယုတ်
တာအဖတ်တင်မှာမို့။
ဒါတွေ က လုပ်ရလွယ်တယ်၊
သမိုင်းအဖတ်ဆည်ရတာကြတော့ခက်တယ်လေ။

မည်သို့ပင်ဆိုစေကာမူ မအီမလည်နဲ့ 
တက်လာလာ၊မကြည်မသာနဲ့ ရောက်လာရပါတယ်
လုပ်ပြပြ ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့တာတော့ 
ငြင်းမရတဲ့ မှတ်တိုင် တစ်ခု စိုက်ထူ
ပြလိုက်တာသာဖြစ်တယ်။
ဆိုလိုတာက ဆင်သွားရင်လမ်းဖြစ်တယ်၊
ညှာရင်ညှာနေတာကိုသိ ၊ဒါဘဲလိုရင်းပါ။

ကိုအုန်းသီးအကယ်ဒမီရတာဝမ်းသာပါတယ်။
ဦးလတ်(အောင်ကိုလတ်) congratulations
ပါ။

အကယ်ဒမီဆုပေးပွဲဟာ 
အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါပြီ။
ငါတို့ခိုင်ရမည် အဲလေ 
ငါတို့နိုင်ရမည်ဆိုပြီး အဝေးကြီး ပြည်လစ် 
စွန့်ခွာသူများ 
ခု လောက်ဆို အိမ်ရှင်ကွင်းမှာ တစ်ပွဲပြီးတစ်ပွဲ
ကန်ပြနေပုံကို ဘယ်လောက် မကျေမနပ်
ဖြစ်ပြကြ လေမည်မသိ။

မီး တနိုင်ငံလုံးပျက်နေတဲ့ကြားက 
နေပြည်တော်ရပ်ကွက်ကနေ  
မခြိမ်းဘူးမခြောက်ဘူး၊
ရွာထည့်လိုက်တာ ငါတို့အားလုံး
မှောင်ထဲမှာ စိုကုန်တာတောင် 
အကယ်ဒမီပွဲ အစအဆုံး Liveက 
ကြည့်ကြတာများ  အမလေး ပျော်ဘို့ကောင်း။

Chaw Yin Minn

Post a Comment

Previous Post Next Post