ထိုင်း​ရွေး​ကောက်ပွဲ ကနဦးရလာဒ်

ထိုင်း​ရွေး​ကောက်ပွဲ မဲရေတွက်မှုကနဦးတွင် Pheu Thai သည် မဲဆန္ဒနယ်အမတ်နေရာအများဆုံး ပထမနေရာ၌တစ်​ပြေးနေပြီး ၄င်းနောက်တွင် Move Forward နှင့် Bhumjaithai တို့က ကပ်ရက်လိုက်​နေသည်။

Pheu Thai ပါတီ ၀န်ကြီးချုပ် ကိုယ်စားလှယ်လောင်း Paetongtarn Shinawatra နှင့် Srettha Thavisin တို့သည် ယခုအခါ ပါတီဌာနချုပ်တွင်​ရောက်ရှိနေပြီး ၎င်းတို့သည်မကြာခင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိသည်ဟုသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

လက်ရှိ ၀န်ကြီးချုပ်ဖြစ်သည့် ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ သည်လည်း တနင်္ဂနွေနေ့ ညနေပိုင်းတွင် United Thai Nation Party HQ သို့ ရောက်ရှိလာပြီ ဖြစ်သည်။စောစောပိုင်းစာရင်းများအရ သူ့ပါတီက နံပါတ် (၄) မှာရှိနေလို့ မပြုံးမရယ်နိုင်ဖြစ်​နေ​ကြောင်း​ပြောကြသည်။

ဝန်ကြီးချုပ်က​တော့ ရလဒ်များသည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်များနှင့်အညီ ဖြစ်မည်ဟု ​ပြောဆိုခဲ့သည်။

Post a Comment

Previous Post Next Post