မြို့ထဲကို ယူနီဖောင်းနဲ့ ဆိုင်ကယ်
စီးပြီး သွားတတ်တဲ့ ကျွန်တော့်ကို
သူငယ်ချင်း တစ်ယောက်က မင်းမကြောက်
ဖူးလားလို့ မေးတယ်။ကျွန်တော်လည်း
ဒီဒေသ က နယ်မြေခံလူထု အကြောင်းကို
သိလို့ မကြောက်ဘူးလို့ပြန်ဖြေလိုက်တယ်။
နယ်မြေခံလူထုက ရိုးသားအေးဆေးစွာ
နေထိုင်စားသောက်လိုကြတဲ့ မွန်လူမျိုးတွေ ။
နိုင်ငံရေး စစ်ရေးကို စိတ်ဝင်မစားကြပဲ စီးပွား
ရေး ကို ပဲ စိတ်ဝင်စားကြတယ်။ဘာသာတရား
ကိုင်းရှိုင်းကြတယ်။
အဓိက အချက်ကတော့ ကြွယ်ဝ ချမ်းသာကြ
တယ်။ဒီ အချက်ကြောင့်ပဲ သူတို့ စစ်မတိုက်ကြ
တော့တာ။
ဒါကြောင့် ပြောချင်တာက
ပြည်ပကျူးကျော် စစ်က လွဲရင်
ဒီကနေ့ ၂၁ ရာစု ပြည်တွင်းစစ်မှာ ချမ်းသာ
ကြွယ်ဝ ကြသူတွေ နဲ့ အသိဥာဏ်မြင့်မားကြတဲ့
သူတွေ ဟာ စစ်မတိုက်ကြတော့ဘူး။လက်ရှိ
မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို လေ့လာကြည့်
ရင် မွန်လူမျိုးတွေ နေထိုင်ရာဒေသတွေ မှာ
ဖြစ်ခဲသလို ရှမ်းပြည်နယ်ထဲ က ရှမ်း ၊
မုန်းဝန်ဗမာ ခေါ် တရုတ်ကပြားနဲ့ ရှမ်းတောင်ပိုင်း
ပအို့ တွေ နေတဲ့ နေရာမှာ တိုက်ပွဲ တွေ မဖြစ်ကြ
တော့ဘူး။
မဖြစ်ရတဲ့ အကြောင်းကလည်း အထက်
မှာ ပြောသလိုပဲ။သူတို့ ချမ်းသာကြတယ်။
သူတို့ အိမ်တွေ က နှစ်ထပ် သုံးထပ်တွေကြီး
ပဲ။ကိုယ်ပိုင်ကားတွေ ရှိသူ ရှိကြတယ်။အနည်း
ဆုံးတော့ အိမ်တိုင်း နီးပါး ဆိုင်ကယ်နှစ်စီး
သုံးစီး ရှိကြတယ်။
ရွာတွေ ကလည်း မြို့တွေအလားပဲ။အိမ်ခြေ
ထောင်ဂဏန်းရှိကြတယ်။တိုက်တာကြီးတွေက
ဟည်းထနေတာပဲ။
ဒီတော့ သူတို့ စစ်တိုက်ပြီး သောင်းကျန်း
လိုက်တာနဲ့ သူတို့မြို့ရွာ တွေ တိုက်တာ တွေ
ပျက်စီးကြရတော့မယ်။သူတို့ ပိုင်ဆိုင်မှုတွေ
ဆုံးရှူံးကြရမယ်။ဒီလို သူတို့ အဖြစ်မခံချင်
တော့ သူတို့နယ်မြေထဲ ရန်သူ ရောက်ပြီး
ဆိုတာနဲ့ ချက်ချင်းသတင်းရတာပဲ ။
တစ်ဖက်မှာလည်း လက်ရှိစစ်ဖြစ်နေတဲ့ ကရင်
ကယား အညာ စစ်ကိုင်း ချင်းဒေသ တွေကို
ပြန်ကြည့်ကြမယ်။အများစု က ဆင်းရဲမွဲတေ
နေကြတယ်။အိမ်ကောင်း ရာကောင်း တိုက်
ကောင်း ခပ်ရှားရှား။သေမထူး နေမထူးတွေ
က ခပ်များများ။
ဖာပွန် မှာ စစ်ဖြစ်တာမပြောနဲ့။ဖာပွန် မှာ
တိုက်တာနဲ့ နေနိုင်တာက မူဆလင်mုလာ
တွေပဲ ရှိတယ်။ဗမာ အများစု က စစ်သားနဲ့
ဝန်းထမ်းတွေ။ရှမ်းတွေ က ကားလမ်းဘေး
တစ်လျှောက် ရွာတည်ပြီး အေးအေးဆေးဆေး
နေကြတယ်။
အားမနားတမ်းပြောရရင်တော့
ကရင်ရွာတွေက မြို့နဲ့ ခပ်လှမ်းလှမ်းမှာ
တောပုန်းရွာတွေ အဖြစ်နေကြတယ်။
ခြေတံရှည်အိမ်တွေကို အင်ဖက်တွေနဲ့
ဆောက်ကြတယ်။
ဆိုရရင် သူတို့ ရွာတွေ မှာ တိုက်ပွဲ ဖြစ်လို့
လည်း ဆုံးရှူံးမှု ကြီးကြီးမားမားမရှိဘူး။
အခုသစ်ပင်ခုတ်ပြီး အင်ဖက်ထိုးရင်အိမ်တစ်လုံး
ဖြစ်တယ်။သူတို့တွေ သာ မတွေးခေါ်တတ်တာ။
အဲဒီဒေသ မှာ ကရင် တွေ တောထဲမှာ နေပြီး
စစ်တိုက်နေပေမဲ့ ကူလားဂေါ်ရာ တို့ က
တပ်နဲ့ ပေါင်းလိုက်၊ သူတို့နဲ့ပေါင်းလိုက်နဲ့ပဲ
စီးပွားပဲ ရှာ တယ်။ ဖာပွန်မှာ သူတို့ အချမ်းသာ
ဆုံးပဲ။
ကျွန်တော် ရှမ်းမြောက်မှာ စစ်ဆင်ရေး
သွားစဉ်က တိုက်ပွဲ ဖြစ်ရင် ပလောင်ရွာနား၊
ကချင်ရွာနားနဲ့ ပလောင် ကချင် ရွာတွေ
မှာပဲ ဖြစ်လေ့ရှိတယ်။
ဖြစ်မှာပေါ့။
သူတို့ ရွာတွေ က ဆင်းရဲမွဲတေတာ စုတ်ပြတ်
သက်နေတာပဲ။အိမ်ကောင်း ရာကောင်း
က ခပ်ရှားရှား။ရွာပျက်လို့ ရွာပြောင်းရ
လည်း ကြီးကြီးမားမား မဆုံးရှူံးကြဘူး။
ဒါပေမဲ့ မုန်းဝန်းဗမာ တရုတ်တွေ ရဲ့ ရွာတွေ
တိုက်တာကြီးတွေ ဟည်းထနေတာပဲ။
သူတို့ သူပုန်မလုပ်ဘူး။အစိုးရနဲ့ ပေါင်းပြီး
ပြည်သူ့စစ်လုပ်ကာ စီးပွားရှာကြတယ်။
သူတို့ ရပ်ရွာ အပျက်ခံပြီး စစ်ပွဲ မဖန်တီး
ကြဘူး။အသိဥာဏ် မြင့်တယ်လို့ ပြောရင်
ရတယ်။
ကိုယ့်အမျိုး ကချင် ပလောင်ကတော့
လွတ်မြောက်ရေး တော်လှန်ရေး ဆိုတဲ့
ခေါင်းစဉ်အောက်ကနေ စစ်ပွဲ ဖန်တီးနေ
တော့ လူမွေးကို မပြောင်ကြတော့ဘူး။
ယုတ်အစွာဆုံး ဇေယျာသော် တို့ ရန်ကုန်
မှာ စစ်ပွဲဖန်တီးလိုက်သေးတယ်။ဒါပေမဲ့
ရန်ကုန်မြို့ကြီး ပျက်စီးသွားလောက်
အောင် ရန်ကုန်သားတွေ မမိုက်ကြ
တော့ ဇေယျာသော် တို့ အုပ်စု အဖမ်းခံ
လိုက်ရတယ်။ရန်ကုန်ငြိမ်သွားတယ်။
ဒါဟာ ရန်ကုန်သားတွေ အသိဥာဏ်မြင့်လို့ပဲ။
စစ်အုပ်ချုပ်ရေးကို ကြိုက်ချင်မှ ကြိုက်
လိမ့်မယ်။ဒါပေမဲ့ စစ်ပွဲဖန်တီးခွင့်ပေးရလောက်
အောင်အထိတော့ သူတို့ အသိဉာဏ်
မနိမ့်ကြဘူး။
ခြုံပြီးထပ်ပြောရရင် ဒီကနေ့ စစ်ဖြစ်နေတဲ့
ဒေသ တွေ ဟာ ဆင်းရဲမွဲတေတာ ရယ်
အသိဥာဏ်နိမ့်ပါးတာရယ် ကြောင့် ဖြစ်နေ
ရတာ ။ဒီ နှစ်ချက် ကို ပြောင်းပြန်အချိုး
ကျအောင် လုပ်နိုင်ရင်တော့ စစ်ပွဲတွေ
ငြိမ်သွားနိုင်ပါတယ်။
စစ်ပွဲဖန်တီးသူ တွေကတော့ ခေါင်းစဉ်
အမျိုးမျိုးပြပြီး ဖန်တီးနေကြမှာပါပဲ။
လူပြိန်းကြိုက် စစ်အာဏာရှင်တော်လှန်ရေး
လို့ ပြောနေတဲ့ လူအုပ်စုကို ကြည့်လိုက်
ရင်လည်း အားလုံးဟာ မြန်မာပြည်မှာ
နေကြတော့တာမဟုတ်ပါဘူး။KNU လို
တစ်သက်လုံး စစ်အာဏာရှင် တော်လှန်ရေး
ဆိုပြီး ကြွေးကြော်နေလိုက်တာ အခုချိန်ထိ
တော့ လူရိုသေ ရှင်ရိုသေ ဌာနချုပ်တောင်
မရှိသေးဘူး။
ကရင်ပြည်သူတွေ ကတော့ မွဲသထက် မွဲလို့
ကောင်းနေတုန်းပါပဲ။
ဒါဟာ အသိဉာဏ်နည်းပြီး စစ်ပွဲ ဖန်တီး
ခဲ့တဲ့ အကျိုးဆက်ပဲ။
#အောင်နိုင်သူ
Post a Comment