တိုင်းပြည်တိုးတက်ဖို့ ပညာကအဓိက


"စစ်ကောင်စစ်လက်ထက် အာဏာရှင်အစိုးရလက်ထက်မှာ ကျောင်းမတက်နဲ့၊ကျောင်းထွက်။ ကျောင်းတက်ရင် ဒလန်"

"ဒါဆို ဗိုလ်ချူပ်အောင်ဆန်းလည်း အဂ်လိပ်နယ်ချဲ့အစိုးရလက်ထက်မှာ ဘာလို့ကျောင်းတက်သလဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း အာဏာရှင်ခေါ်တဲ့ ဦးနေဝင်းလက်ထက်မှာ ဘာလို့ ကျောင်းတက်သလဲ။
ကျောင်းတက်တိုင်း အာဏာရှင်အားပေးဆိုရင် ဗိုလ်ချူပ်ရော ဒေါ်စုရော အာဏာရှင်အားပေး ဒလန်ဘဲ။

ဘယ်ခေတ်မဆို ကိုယ့်ပညာကိုယ့်တတ်အောင်သင်ရမှာ မဟုတ်ဘူးလား။ ပညာတတ်မှ တိုင်းပြည်ကို တည်ဆောက်နိုင်မှာမဟုတ်ဘူးလား။
စဥ်းစားဉာဏ်ရှိပါ။"

"စစ်ကောင်စီလက်ထက် ရုံးမတက်နဲ့ ရုံးထွက်။ အာဏာရှင်အားပေး ဝန်ထမ်းလုပ်ရင် ဒလန်ဘဲ"

"ဒါဆို ဗိုလ်ချူပ်အောင်ဆန်းလည်း အဂ်လိပ်လက်ထက်မှာ ဘာလို့ ဝန်ကြီးလုပ်သလဲ။ ဗိုလ်ချူပ်ကတော် ဒေါ်ခင်ကြည်လည်း အာဏာရှင်ခေါ် တဲ့ ဦးနေဝင်းလက်ထက်မှာ  ဘာလို့ သံအမတ်လုပ်သလဲ။
ဝန်ထမ်းလုပ်တိုင်း ဒလန်ဆို ဗိုလ်ချူပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်လည်း ဒလန်ဘဲ။ ဗိုလ်ချူပ်ကို CDMလုပ်ခိုင်းပါ့လား။

ဘယ်လက်ထက်ဖြစ်ဖြစ်  ဝန်ထမ်းလုပ်လို့ ပြည်သူတွေအကျိုးသယ်ပိုးနိုင်သလား ။  အကျိုးများရင် ဝန်ထမ်းလုပ်သင့်ရင်လုပ်ဖို့ လိုပါတယ်။
မလုပ်ချင်ရင်မလုပ်နဲ့ပေါ့  ကိုယ်ပိုင်ရွေးချယ်ခွင့်ဘဲ။ ဖိအားပေးတာ အာဏာရှင်ဘဲ။  စဥ်းစားဉာဏ်ရှိဖို့ပါ။ "

NayMyoMyanmar
(24-5-23/wed)

Post a Comment

Previous Post Next Post