အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့မှုခံထားရသော်လည်း ရုရှား၏‌ငွေကြေးဖောင်းပွမှုနှုန်းက ဥရောပနိုင်ငံများတွင် အနည်းဆုံးဖြစ်နေ


ရုရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် မေလအထိ ဆက်လက်ကျဆင်းနေပြီး အဆိုပါညွှန်းကိန်းသည် ဥရောပရှိနိုင်ငံများထဲတွင် လက်ရှိအချိန်၌ အနိမ့်ဆုံးဖြစ်နေကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှပ်စတင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှပ်စတင်က "မေလအစောပိုင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ပြီးခဲ့တဲ့နှစ် မေလနဲ့နှိုင်းယှဥ်မယ်ဆိုရင် (၂ ဒသမ ၃)ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ဒီအညွှန်းကိန်းက ဥ‌ရောပတိုက်မှာရှိတဲ့ နိုင်ငံတွေအားလုံးထဲမှာ အနိမ့်ဆုံးကိန်းဂဏန်းတစ်ခုပဲဖြစ်ပါတယ်"ဟုပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံတွင် ငွေ‌ကြေးဖောင်းပွမှုနှုန်းသည် ဖေဖော်ဝါရီလတွင် (၁ဝ ဒသမ ၉၉)ရာခိုင်နှုန်းမှ မတ်လတွင် (၃ ဒသမ ၅၁)ရာခိုင်နှုန်းသို့ သိသိသာသာကျဆင်းသွားခဲ့ပြီး မေလအစောပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် (၂ ဒသမ ၄၂)ရာခိုင်နှုန်းရှိကြောင်းသိရပါတယ်။

အဆိုပါကိန်းဂဏန်းသည် ရုရှားအစိုးရက ယခုနှစ်အတွက် သတ်မှတ်ထားသော ‌ငွေကြေးဖောင်းပွမှုနှုန်း(၅)ရာခိုင်နှုန်းထက် ပိုမိုလျော့နည်းကြောင်းသိရှိရပါတယ်။

Post a Comment

Previous Post Next Post