ငရုတ်သီးခြောက်နဲ့ ရွာတာဝန်ခံ ခန့်အပ်မည့် အေအေ

ငရုတ်သီးခြောက် ၆ဝဝ ပိဿာရှာဖွေပေးနိုင်သူအား ရွာတာဝန်ခံအဖြစ်ခန့်အပ်မည်ဟု ULA/AA ကျောက်တော်ဒေသမှူးပြောကြားခဲ့တယ်လို့ ဒေသံခံ ရွာသားတစ်ဦးက သတင်းပေးပို့လာပါတယ်။
ဘယ် EAO ဘယ်တိုင်းရင်းသား လက်နက်ကိုင်မဆို အစကတော့ ကိုယ့်လူမျိုး ကောင်းစားဖို့ဆိုတဲ့ ခေါင်းစဉ်ပြပြီး လက်နက်ကိုင်ကြတာပဲ။

နောက်တော့လည်း လက်နက်ကိုင်တွေရဲ့ လမ်းစဉ်အတိုင်းပဲ အဲ့ဒေသမှာရှိတဲ့ သဘာဝသယံဇာတတွေကို ခိုးထုတ်ရောင်းချပြီး ကိုယ်ကျိုးရှာကြတယ်။ သဘာဝသယံဇာတ မရှိတဲ့ဒေသက EAO တွေက သူ့တို့လူမျိုးတွေကို ဆပ်ကြေးကောက် ခေါင်းပုံဖြတ်ကြတယ်။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေ အတော်များများ မတိုးတက်ကြဘူး။ ဘယ်တိုးတက်မလဲဗျာ။ အဲ့ဒေသတွေ တိုးတက်လာရင် အဲ့မှာရှိတဲ့ EAO တွေ နေရာပျောက်သွားမှာပေါ့။ ဒါ့ကြောင့် အစိုးရက လမ်းဖောက်ရင် EAO တွေက လမ်းလုပ်သားတွေကို ပြန်ပေးဆွဲတယ်။ အစိုးရက တံတားဆောက်ရင် EAO တွေက မိုင်းခွဲတယ်။

ဒီတော့ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက်ကလည်း EAO တွေ လုံးဝချုပ်ငြိမ်းသွားဖို့လိုမယ်။ ဒီလိုဖြစ်ဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ရမယ်။ အဲလိုမှ မလုပ်နိုင်သေးရင် မြန်မာဆိုတာ ကမ္ဘာမှာ နောက်ကျကျန်နေအုံးမှာပါပဲ။

#DGF21News

Post a Comment

Previous Post Next Post