ရှေ့ခရီးကို ချမ်းမြေ့စွာခရီးဆက်နိုင်ကြပါစေ

Congratulations 🥰နိုင်ငံတော်နှင့်ပြည်သူ့ကိုရှေ့ရှုခဲ့တဲ့ပွဲ။နိုင်ငံတည်ဆောက်သူတို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်တွေ့ကျနစွာ လုပ်ဆောင်တဲ့ပွဲပါ ။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ| နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်ရဲ့ အမှာစကားကို နားထောင်ပါက သဘောထားကြီးခြင်း နိုင်ငံတော်၏ အဓိပ္ပါယ် နှင့် အနုပညာရှင်များ၏စွမ်းအားနှင့်တန်ဖိုးကို အလေးအနက်ထားခြင်းများကို ခံစားရပါတယ် ။

၂၀၁၉|၂၀၂၀|၂၀၂၂ခုနှစ် ၃နှစ်စာ အကယ်ဒမီပေးပွဲကို မနေ့က နေပြည်တော် မှာ ကြီးကျယ်ခန်းနားအောင်မြင်စွာကျင်းပခဲ့ပါတယ် ။နိုင်ငံတစ်နိုင်ငံမှာ စာပေ ယဉ်ကျေးမှု အနုပညာက လူတွေရဲ့ စိတ်နှလုံးကို လွှမ်းမိုးချုပ်ကိုင်သိမ်းသွင်းနိုင်စွမ်းအား ကြီးမားလှလို့ အရေးကြီးလှပါတယ် ။ အနုပညာသည် ပြည်သူ့အတွက်လို့ ဆိုကြသည်မို့လားရှင့် ။ ပြည်သူ့များ၏ ကောင်းကျိုးချမ်းသာကို အစဉ်အမြဲရှေ့ရှုလျက်အဆိပ်အတောက်ကင်းသော အနုပညာဖြင့် ပြည်သူတို့၏ အသိအမြင်အာရုံများကို ရွှင်လန်းချမ်းမြေ့စေရန် ဦးတည်ဆောင်ရွက် နိုင်ကြပါစေရှင့် ။
အားလုံးစိတ်သစ်လူသစ်ဖြင့် ရှေ့ခရီးကို ချမ်းမြေ့စွာခရီးဆက်နိုင်ကြပါစေကြောင်း အနုပညာချစ်မြတ်နိုးသူတစ်ဦး၏ယခုနှစ်အကယ်ဒမီပေးပွဲမှပေးသော အတွေးအမြင်ကို မျှဝေလျက် ချစ်ခင်စွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် ။
အကယ်ဒီပွဲ၏ပုံရိပ်များ Photo မူရင်းများကို လေးစားစွာcrd ပေးပါတယ် ။

နန်းမြမြမီမီဇော်
၇ရက် မေလ ၂၀၂၃ခုနှစ် ။

Post a Comment

Previous Post Next Post