တပ်က အုပ်ချုပ်လို့ တိုင်းပြည်မွဲသွားတယ်ဆိုတဲ့သမိုင်း အလိမ်တွေ ဖော်ရအောင်

၁၉၆၂ အလွန် ဦးနုခေတ်မှာ မြန်မာနိူင်ငံဟာ
အရှေ့တောင်အာရှမှာ အချမ်းသာဆုံး တပ်မတော်
အုပ်ချုပ်လို့ နိူင်ငံမွဲပြာကျသွားတယ်ဆိုတဲ့ သမိုင်း
လိမ်ကို ဖော်ကြရအောင်.......

အထက်ပါ ခေါင်းစဉ်အရ စကားကို နိူင်ငံရေးသမားတွေတပ်ကို ထိုးချချင်တိုင်းသုံးနေကြစကား ၊ တစ်ချို့ စာပေစောပြောသမားတွေကို ဒီအကြောင်းကို ပြောလေ့ရှ်ိတယ် ၊

ဒီအကြောင်းကို အစကတော့ဟုတ်မယ် ထင်ခဲ့ရင်းနဲ့
မြန်မာပြည် ပြည်တွင်းစစ်စတဲ့ သမိုင်းကို လေ့လာရင်းကဒီအကြောင်းဟာ မဖြစ်နိူင်ဘူးလို့ သုံးသပ်မိတယ် ၊ ဒါနဲ့စာအုပ်တော်တော်များမှာ လိုက်ရှာဖတ်ဖြစ်တယ် ၊ ဘယ်စာအုပ်မှာ မှ ဦးနုလက်ထက် တိုးတက်လာတာမတွေ့ရဘူး...၊ ဒါပေမယ့် အကြောင်းအရာတစ်ချို့ကိုးကားချက်တစ်ချို့က်ိုရှာတွေ့ခဲ့တယ်....

1948 ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရခဲ့တယ် ၊

အိမ်နီးချင်းတွေနိူင်ငံတွေဖြစ်တဲ့ တရုတ်မှာ တရုတ်ပြည်သူသန်း ၂၀ လောက်သေတဲ့ တရုတ်- ဂျပန် စစ်ပွဲပြီးကာစအချိန်အမေရိကန်က ထိုင်ဝမ်ကို တရုတ်အစိုးရလို့ သတ်မှတ်ထားတဲ့အချိန် ၊ ကူမင်တန်နဲ့ကွန်မြူနစ်တိုက်လို့ကောင်းနေတဲ့ကာလ၊ အိန္ဒိယနိူင်ငံတောသ် အင်္ဂလိပ်လက်အောက်မှာ ဒိုမီနီယံ အဆင့်ပဲရှိသေးတယ် ၊ အိန္ဒိယနဲ့ပါကစ္စတန် ခွဲထက်ပြီးသီခြားနိူင်ငံအဖြစ်လွတ်လပ်ရေးယူဖို့ ကြိုးစားနေဆဲကာလ...၊

ဘင်္ဂလားဒေ့ရ်ှဆိုတာက အိန္ဒိယမှာ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်ခြမ်းကွဲ၊ ပါကစ္စတန်မှာ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် နှစ်ခြမ်းကွဲပြီးမှ ဖြစ်လာတဲ့နိုင်ငံဆိုတော့ အဲဒီအချိန် နိုင်ငံတောင် မဖြစ်သေးဘူး။ ထိုင်းမှာ ကလဲ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ စစ်ပွဲထဲ သူသိမ်း၊ကိုယ်သိမ်းနယ်နိမိတ်တွေခွဲနေရတဲ့အချိန်ဖြစ်သလို နိုင်ငံထဲ မှာ ထိုင်း စစ်ဘက်က အာဏာယူထားရတဲ့အချိန်။ ထိုင်း-အမေရိကန်တောင် မဟာမိတ်ကောင်းကောင်း မဖွဲ့ရ သေးဘူး။

ဗီယက်နမ်ဆိုတာက ပြင်သစ်လက်အောက်ကနေ ဗီယက်နမ်ကို တိုက်ယူနေရတဲ့အချိန်၊ အမေရိကန်ပါတဲ့ နာမည်ကြီး ဗီယက်နမ်ပြည်တွင်းစစ်ပွဲ မစသေးတဲ့အချိန်ဖြစ်နေတယ်။ စင်ကာပူမှာက အင်္ဂလိပ် လက်အောက် မှာပဲ ရှိသေးတယ်၊ မလေးရှားနဲ့စင်ကာပူ သီးခြားစီနိုင်ငံဖြစ်လာမယ်ဆိုတဲ့ အစီအစဉ်တောင် မရှိသေးဘူး။

ဒီလို အာရှမှာ ဘယ်နိူင်ငံမှ ကောင်းမွန်စွာ မရပ်တည်နိူင်သေးတဲ့အချိန်မှာ ကိုယ့်မြန်မာ ခေါင်းဆောင်တွေကောင်းလို့လွတ်လပ်ရေးစောစောရခဲ့တယ် ၊ ဒုတိယ ကမ္ဘာစစ်ရဲ့ဒဏ်ဂျပန်အဝင် အင်္ဂလိပ်အထွက် ၊ အင်္ဂလိပ်ဝင် ဂျပန်ထွက် စစ်ဒဏ်အကြိမ်ကြိမ် နှစ်ရှည်ခံရတဲ့ နိူင်ငံ ဘယ်လိုချမ်းသာခဲ့လဲ ၊ ဘယ်သမိုင်းမှာ မှ မရှိခဲ့ဘူး ၊ အဲ့ဒ်ီအချိန် နိူင်ငံရေးမှာ နာမည်ရတာ ဦးနု ၊ ဦးနုအကြောင်းရှာဖတ် ဘယ်စာအုပ်မှာရှိလဲ ၊ နေရင်းထိုင်ရင်း ခိုးဝင်တွေကို တိုင်းရင်းသားတစ်ခု သတ်မှတ်ပေးမယ်ဘူးသီးတောင်မောင်တောနယ်က မေယုခရိုင်ကို သီးခြားပြည်နယ်ပေးမယ်ဆိုတဲ့ကိစ္စပဲရှိတယ်....၊

ပြည်တွင်းရေးကို ပြန်ကြည့်မယ် လွတ်လပ်ရေးရပြီး
၃ လကြာမှာကွန်မြူနစ်ကတောခိုတယ် ၊ ၁၉၄၉
ဇန်နဝါရီ ၂၇မှာ ကရင်လက်နက်ကိုင်တွေက တောင်ငူကိုသိမ်းလိုက်ပြီး ၊ မကြာခင်မှာ အထက်မြန်မာပြည်ဘက်ပျဉ်းမနား ၊ရမည်းသင်း ၊ပျော်ဘွယ်၊ မိတ္ထီလာ ၊ မန်းလေး၊မေမြို့ ကို ကရင်အဖွဲ့ KNDO တွေသိမ်းတယ် ၊ မြင်းခြံ၊ပခုက္ကူ ၊ ချောက် ရေနံချောင်း မကွေး မင်းဘူးကို ရဲဘော်ဖြူနဲ့ ကွန်မြူနစ်က သိမ်းတယ် ၊၊အောက်ပိုင်းမှာဆိုအင်းစိန် ၊ တောင်ငူ ၊ညောင်လေးပင်ကနေ ၊ သထုံမော်လမြိုင်ပြည်နဲ့ မြစ်ဝကျွန်းပေါ်ကိုသိမ်းတယ်၊ ရန်ကုန်တစ်ကွက်ထဲအုပ်ချုပ်နိူင်တဲ့ အစိုးရလက်ထက်က ကမ္ဘာ့ အတိုးတက်ဆုံးနိူင်ငံဖြစ်မလား.....။

အစိုးရဘက်ကိုပြန်ကြည့်ရရင် ဘဏ္ဍာရေး အသုံးစရိတ်ပြတ်လို့ အစိုးရအမှူ့ထမ်းတွေက်ို ၁၅% ကလေ ၃၀%ဖြတ်လို့ ၁၉၄၉ ဖေဖော်ဝါရီလမှာ အမှူ့ထမ်း သပိတ်ကဖြစ်နေပြီ ၊ ဖဆဏလက နှစ်ခြမ်းကွဲတယ်၊ နိူင်ငံရေးအုပ်စုတိုင်းမှာ လက်နက်ကိုင် အဖွဲ့တွေကိုယ်စီနဲ့ ၊ လွတ်လပ်ရေးရပြီး တစ်နှစ်မကြာခင် စုတ်ပြတ်သတ်
ဖွာလန်ကျဲနေတဲ့ နိူင်ငံ...၊

ကရင် ပြသနာက မပြီးသေးဘူး ပဒေသရာဇာ်
ဇာတ်လမ်းတွေ စလာတယ် ၊ ရှမ်း ကချင် ၊မွန်
ရခိုင် ပြည်နယ်ခွဲထွက်ခွင့်တွေ တောင်းလာတယ် ၊ ရှမ်းနိူင်ငံဝမ်ပေါင်နိူင်ငံ ဇာတ်လမ်းတွေ စလာတယ် ၊ အဲ့ဒီအချိန်မှာနိူင်ငံရေးသမားတွေ အာဏာလုပုံက စာအုပ်တွေ ရှာဖတ်ကြည့်စိတ်ပျက်စရာတွေ ၊ ဘယ်သူက အာဏာရှိမှန်းမသိတဲ့ ခေတ်စနစ်နဲ့ နိူင်ငံက်ို ဘယ်လိုအတိုးတက်ဆုံးနိူင်ငံဖြစ်လာရတာလဲ စဉ်းစားလို့တောင် မရဘူး....၊

စကာင်္ပူက မြန်မာကို လာအတုယူတာက အင်္ဂလိပ်တွေ
မြို့တည် လမ်းဖောက်ထားပုံတွေကို လာအတုယူတာ
အဲ့ချိန်မှာ မြန်မာ တွေ တည်တဲ့ မြို့လမ်က လက်ချိုး
ရေလို့ရတယ် (ကြံဖန် ဂုဏ်ယူမနေနဲ့)

အခုလို ပြည်နယ်နဲ့ တိုင်းတွေ မရှိသေးတဲ့အချိန်
မြန်မာ တစ်နိူင်ငံလုံး အတိုင်းအတာမှာ ၁၉၆၂ ခုနှစ်အထိသံမဏိ စက်ရုံ ၊ ဂုန်နီစက်ရုံ ၊ ပန်းကန်စက်ရုံ ၊ သကြားစက်ရုံဘိလပ်မြေစက်ရုံပေါင်း စုစုပေါင်း ၁၀ ရုံပဲရှိတယ်၊ အကြွေးကအမေရိကန် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ရုရှား ကမ္ဘာ့ဘဏ်တွေကပတ်ချေးထားတာ အကြွေး ၃၈၇၃ သိန်းက တင်နေပြီ

အိမ်စောင့် အစိုးရဖြစ်တဲ့အချိန်ထိ တိုးတက်တဲ့ သမိုင်းမရှိခဲ့ဘူးစုတ်ပြတ်သတ် အကြွေး ဗရပွတွေပဲရှိတယ်....၊

၁၉၅၀ ကိုရီးယား စစ်ပွဲဖြစ်တော့ ဆန်းစျေးတွေတက်လိူ့အဲ့ဒီကာလမှာ ဦးနုအစိုးရက အမေရိကန်နဲ့ပေါင်းပြ်ီး
ပြည်တော်သာ စီမံကိန်းထလုပ်တယ် ၊ စီမံကိန်းစတဲ့
၁၉၅၃ မှာ အစိုးရလက်ထဲမှာ ၁၂၆.၈၇ ကုဋေပဲရှိတယ်
ကုန်မှာက ကုဋေ ၇၅၀ ၊ လိုတာကို ပြည်ပက ချေးမယ်ဆိုပြီးစခဲ့ကြတယ် ၊ မကြာခင် ဆန်စျေးကြတော့ ၁၉၅၉မှာ အစိုးရလက်ထဲ ၃၆ ကုဋေပဲကျန်တော့တယ် ၊ တရုတ်ဖြူကျူးကျော်တာကို တိုက်လို့ အမေရိကန်ကလဲ မကူညီတော့ဘူး ၊ ဘာစီမံကိန်းမှာ မအောင်မြင်ခဲ့ဘူး...၊ ၁၉၅၉ ကထဲက တိုင်းပြည်က ဘာမှ မကျန်အောင် မွဲနေပြီ ၊

သွင်းကုန် ကုမ္ပဏီ ၂၅၂၀မှာ နိူင်ငံခြားသား ကုမဏ္ဍီက
၃၈၀ ၊ ကုမဏ္ဍီ ထပ်လျှောက်တာက ၄၇၄၇ ရှိတယ်
တစ်နိူင်ငံလုံးထုတ်ကုန် မရှိဘဲ သွင်းကုန်ဘဲ လုပ်နေရတဲ့အဖြစ် ၊ အစိုးရကမွဲ ၊ နိူင်ငံရေးသမားတွေကကွဲ ၊ လက်နက်ကိူင်တွေက ခွဲနဲ့ ဘယ်လိုလုပ် အာရှ အတိုးတက်ဆုံး နိူင်ငံဖြစ်လာရတာလဲ ရန်ကုန်တက္ကသိုလ်ကြီးကရော ၊ မြန်မာတွေဆောက်ထားတာ မှတ်လို့လား.....၊

နိူင်ငံရေးသမားတွေ တစ်စစီမွှေလို့ စုတ်ပြတ်သတ်ဖွာလန်ကျဲနေတဲ့နိူင်ငံက အာရှအချမ်းသာဆုံးဆိုတာ ဖြစ်နိူင်လား.....?

ခေတ်အဆက်ဆက် စာအုပ်တွေ ပြန်လှန်ရှာဖတ် ၊  အိမ်စောင့်အစိုးရ လက်ထက် အချမ်းသာဆုံးဆိုတဲ့ သမိုင်းလေးတွေ့ရင်လာပြ ၊ ဒီလောက်စုတ်ပြတ်သတ်နေတဲ့ နိူင်ငံက်ို တပ်က ထိန်းခဲ့တဲ့ သမိုင်းပဲတွေ့ရတယ် ၊ ဒါပေမယ့် ဘယ်တပ်ခေါင်းဆောင်မှ ငါတို့ လက်ထက်ထဲကို အိမ်စောင့်အစိုးရက စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည်ကြီးထိုးထည့်သွားပါတယ်လို့ အောက်လုံးမထိုးဘူး သူလုပ်စရာရှိတာ လုပ်သွားတယ်.....၊။

(တစ်ချို့ နိူင်ငံရေး ဂျင်းတွေက သိပ်ပြင်းတယ် ၊ ဒါ့ကြောင့် တစ်ချိန်က မြန်မာဟာ အာရှမှာ အချမ်းသာဆုံး တပ်က  အုပ်ချုပ်လို့မွဲသွားတယ်ဆိုတဲ့ သမိုင်းလိမ်ကို ဖော်ပြပေးလိုက် တာပါ၊ ငြင်းချင်တဲ့လူ အထောက်အထား အချက်အလက် တိတိကျကျနဲ့ လာငြင်းပါ. . ဖေဖေ ပြောခဲ့တယ် မေမေပြောခဲ့တယ်.လာမလုပ်ပါနဲ့.😁😁 )

ဖတ်ဖူးသမျှ လေ့လာဖူးသမျှ မူရင်း သမိုင်းလေ့လာသူ
အားလုံးအား Credit ပေးပါသည်...။

Original Uploader. .

KoKo Kyaw

Post a Comment

Previous Post Next Post