တပ်ကဒီလမ်းစဉ်ကို မသွားချင်တာ အသိသာကြီးပဲ၊ ဒါကြောင့် မဲမသမာမှုဖြစ်နေတယ် ဖြေရှင်းပေးပါဆိုပီး အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်၊ ဘာမှ မဖြေရှင်းပေးပဲ တတိယအကြိမ် လွှတ်တော်ကို ဇွတ်ခေါ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ဒီလမ်းကို ရွေးခဲ့ရတာ။ ကိုယ့်မှန်တယ်ထင်ရင် မဲမသမာမှု မလုပ်ခဲ့ရင် ရှင်းရဲရမှာပေါ့။ ဥပဒေမှာ ကိုယ်ရဲ့ အမျိုးမို့လို့ ဆိုပီး သက်ညာပေးလို့မရပါဘူး။ ငါထောက်ခံတဲ့ ပါတီမို့လို့ဆိုပီး အမှားလုပ်ထားလည်း မျက်ကွယ်ပြုနေလို့မရဘူးဆိုတာ သိမှာပါ။ အဲလိုမျက်ကွယ်ပြု မသိကျိုးကျွံပြုနေသ၍ အမှန်တရားဆိုတာ ပေါ်မလာဘူး။ နိုင်ငံရေးနည်းက နိုင်ငံရေးနဲ့ပဲ ဖြေရှင်းရတာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းလို့မရပါဘူး။ ကိုယ့်ကို မထောက်ခံတဲ့အပြစ်မဲ့ ရဟန်းသံဃာနဲ့ ပြည်သူတွေကို ဘာကြောင့် သတ်နေတာလဲဆိုတဲ့ မေးခွန်းကိုတော့ အဖြေကောင်းကောင်း ပေးရပါလိမ့်မယ်။
#MinZawLwin
Post a Comment