နစက အစိုးရလက်ထက်မှာ သိသိသာသာ ပြောင်းလဲတိုးတက်လာတဲ့ အားကစားကဏ္ဍ



NLD လက်ထက် ၂၀၁၇/၂၀၁၉ SEA Games ပြိုင်ပွဲတွေရဲ့ ဆုတံဆိပ်ရလဒ်နဲ့ လက်ရှိ နစက အစိုးရလက်ထက် ၂၀၂၂/၂၀၂၃ ခုနှစ် SEA Games ပြိုင်ပွဲတွေရဲ့ ဆုတံဆိပ်ရလဒ်တွေကို ယှဉ်ကြည့်ရင် NLD လက်ထက်က အားကစားကဏ္ဍနဲ့ ပတ်သက်ပြီး အားပေးထောက်ပံ့မှုမရှိတဲ့အပြင် အားကစားသမားတွေအပေါ် ချီးမြှင့်မြှောက်စားမှုတွေနည်းခဲ့ပြီး လျစ်လျူရှုခဲ့တော့ ရွှေတံဆိပ်ဆုလေး ၄/၅ ခုလောက်နဲ့ အမြဲအိမ်ပြန်လာခဲ့ရတယ်...

ဒါပေမဲ့ နစက အစိုးရလက်ထက်မှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အားကစားကဏ္ဍနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ ထိုက်ထိုက်တန်တန် ထောက်ပံ့အားပေးခဲ့တော့ (၃၁)ကြိမ်မြောက် SEA Games မှာ ရွှေတံဆိပ်ဆု ၉ နဲ့ (၃၂)ကြိမ်မြောက် SEA Games မှာ ရွှေတံဆိပ်ဆု ၂၁ ခု(နှစ်ဆ) လောက် ရယူနိုင်ခဲ့တယ်... ဘာကြောင့်အဲဒီလို ဆုတံဆိပ်တွေရခဲ့တာလဲဆိုတော့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အားကစားသမားတွေကို ချီးမြှင့်မြှောက်စားခဲ့လို့ပါပဲ...

Post a Comment

Previous Post Next Post