မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်မည်ဟု ဗန်းမော်ဆရာတော်ကြီးထံ တပ်ချုပ် အသိပေးလျှောက်ထား

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်မည်ဟု ဗန်းမော်ဆရာတော်ကြီးထံ တပ်ချုပ် အသိပေးလျှောက်ထား

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်သွားမည့်အခြေအနေများကို ဗန်းမော်ဆရာတော်ကြီးထံ တပ်ချုပ်က အသိပေးလျှောက်ထားခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၂၉ ရက်တွင် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုခံယူနေ သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသထံသို့ သွားရောက် ဖူးမြော်ခဲ့ ကြောင်း နစကမှ ထုတ်ပြန်ထားပါတယ်။

ထိုသို့ ဖူးမြော်ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးနေမှုအခြေအနေများနှင့် အနယ်နယ်အရပ်ရပ်မှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည့်အခြေအနေများကို တင်ပြလျှောက်ထားခဲ့ကြောင်း နစကမှ ဆိုပါတယ်။

Post a Comment

Previous Post Next Post