KNU ဥက္ကဌရွေးပွဲနှင့် မဲခိုးမှုပြဿနာ


၁၇ ကြိမ်မြောက် KNU ကွန်ဂရက်တွင် မဲပေးနိုင်တဲ့လူစာရင်း ၁၃၀ ကျော်လောက်သာရှိပါတယ်။ ဒါပေမယ့်မဲအရေအတွက်က ၂၀၀ ကျော်ဖြစ်နေလို မဲမသမာမှုရှိနေတယ်လို KNU ခေါင်းဆောင်အချိုက ပြောတယ်။
-
ပိုနေတဲ့ မဲ ၇၀ ကျော်က Online Voting စနစ်နဲ့ပေးသွားတာဖြစ်ပါတယ်။ Online မဲပေးစနစ်ကို ဝင်ရောက်နှောင့်ယှက်တာ ပြည်ပရောက် ကရင်လူမျိုးတွေလို စွပ်စွဲထားသလို တချိုကလည်း စစ်တပ်က Hacker တွေ လုပ်တာလို ထင်ကြေးပေးနေကြပါတယ်။
-
ပြည်တွင်းမှာရှိတဲ့ကရင်လူမျိုးတွေကတော့ ကွယ်ထူးဝင်းကို ၂ မဲနဲ့ကပ်ရှုးသွားတဲ့ ညောင်လေးပင်ကိုယ်စားလှယ်ကို ဥက္ကဌဖြစ်လာစေချင်သော်လည်း မဲမသမာမှုကြောင့် ကွယ်ထူးဝင်း ဥက္ကဌဖြစ်လာတာကို ကျေနပ်မှုမရှိဘဲ အမှန်အတိုင်းဖြစ်အောင် ဆက်လက်လုပ်ဆောင်မယ်လိုလည်း အသံတွေ ထွက်နေပါတယ်။
-
သေချာတာကတော့ KNU ခေါင်းဆောင်ရွေးချယ်ပွဲမှာ မဲမသမာမှု(မဲခိုးမှု)ရှိနေတယ်ဆိုတာပါပဲ ။။။

Post a Comment

Previous Post Next Post