မဲမသမာမှုတွေနဲ့ KNU ကွန်ဂရက်ရဲ့ ဉက္ကဋ္ဌသစ်ရွေးချယ်ပွဲ

ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတို့အတွက် ထူးခြား ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ဖူးခြင်း မရှိတဲ့လူတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက် ခဲ့မှုအပေါ်မှာ မကျေနပ်မှုတွေ၊ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
KNU အဖွဲ့ရဲ့ အစဉ်အလာအရ KNU ခေါင်းဆောင်ပိုင်း ရွေးချယ်ရာမှာ ကွန်ဂရက်ပြု လုပ်ပြီး အဖွဲ့ဝင်ခေါင်းဆောင်ပိုင်းအားလုံး မျက်နှာစုံညီတက်ရောက်ပြီးမှ စစ်ရေး၊ နိုင်ငံ ရေး၊ အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ခဲ့မှု၊ ကရင်လူမျိုးတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတွေ အပေါ်မူတည်၍ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

အခုပြုလုပ်တဲ့ကွန်ဂရက်မှာတော့ အဖွဲ့ဝင် စုံစုံလင်လင်မတက်ရောက်ဘဲ ကွန်ဂရက်ကို ကျင်းပခဲ့ပြီး မတက်နိုင်တဲ့သူတွေအနေနဲ့ အွန်လိုင်းစနစ်နဲ့ မဲပေးရွေးချယ်သွားဖို့ ဖိအားပေး ခံခဲ့ရတယ်လို့လည်း သိရှိရပါတယ်။ 

Credit စောသာမောင်
#DGF21News

Post a Comment

Previous Post Next Post