ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေတဲ့ စစ်တွေမြို့၌ Mobile ကားဖြင့် ဆက်သွယ်မှုစနစ် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်

မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လေငြိမ်ပါက Mobile ကားဖြင့် ဆက်သွယ်မှုစနစ် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များမှာ မုန်တိုင်းအရှိုန်ကြောင့် ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျှက်ရှိကာ ဒေသအခြေအနေကို သိရှိရန် အခက်အခဲဖြစ်ပေါ်လျှက်ရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) မဝင်ရောက်မီကပင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့၌ Mobile ဆက်သွယ်ရေးကားတစ်စီးစီ ပို့ဆောင်ပေးထားကြောင်း သိရပြီး တပ်မတော်၏ အဝေးပြောဆက်သွယ်ရေးစက်များ၊ ဂြိုလ်တုဖုန်းများ၊ Fiber ဆက်ကြောင်းများဖြင့်ဆက်သွယ်၍ မုန်တိုင်းအခြေအနေကို နေပြည်တော်မှ မျက်ခြေမပြတ်ထိန်းချုပ်စောင့်ကြည့်လျက်ရှိကြောင်းလည်း သိရသည်။

#crd မျိုး မြတ် အောင်

Post a Comment

Previous Post Next Post