National Security..? HumanRight..?နိုင်ငံတော်လုံခြုံရေးကအဓိကလား..?လူ့အခွင့်ရေးကအဓိကလား...

ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးကြေငြာစာတမ်း
ဆိုတာ စာချုပ်မဟုတ်ပါဘူး ဥပဒေလဲမဟုတ်ဘူး

ဆော်ဒီ တောင်အာဖရိက နဲ့
ဆိုဗီယက်တို့ ထောက်ခံမဲမပေးခဲ့ကြဘူး

စင်္ကပူ   မလေးရှား
လီကွမ်ယု နဲ့ မဟာသီယာမိုဟာမက်တို့က
ဝေဘန်ခဲ့ကြတယ်

ဆိုဗီယက်က လူသားအကျိုးထက် နိုင်ငံရေး
ဇောင်းပေးမှုတွေရှိလို့ တဲ့
လီကွမ်ယု နဲ့ မဟာသီယာမိုဟာမက်တို့က
အနောက်တိုင်းရဲ့ စံတွေကို အဓိကဦးစားပေး
ထားလို့ တဲ့

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက
လူ့အခွင့်ရေးဆိုတဲ့စကားလုံးဟာ
အင်မတန်လှပတဲ့ ဝေါဟာရတစ်ခုပါ ကျွနုပ်တို့
မလိုက်နာနှိုင်ပါဘူး တဲ့

နိုင်ငံတစ်ခုကို ဦးဆောင်ဦးရွက်ပြုမဲ့ခေါင်းဆောင်
တိုင်းဟာ အဲဒီနိုင်ငံကိုချစ်မြတ်နိုးသူဖြစ်ရပါမယ်
အမျိုးသားရေးကိုအခြေခံရမယ်

လီကွမ်ယုဆိုတာ စင်္ကာပူနိုင်ငံရဲ့ဗိသုကာပါ
သူ့ရဲ့နိုင်ငံရေးဒဿနတွေကို
ကမ္ဘာ့နိုင်ငံတွေကစောင့်နားထောင်ရတဲ့သူ

သူဘာပြောခဲ့သလဲ
အမျိုးသားရေးစိတ်ဓါတ်ကိုအခြေမခံတဲ့
အစိုးရမျိုးဟာ မအောင်မြင်နှိုင်ပါဘူး တဲ့

လီကွမ်ယုမသေခင်မှာ
ဒေါ်စုကြည်ရဲ့နိုင်ငံရေးအဆင့်ကိုဝေဘန်ခဲ့တယ်
မူကြိုအဆင့်ပါ တဲ့
အတိုက်အခံအဆင့်လောက်သာသင့်တော်ပါ
တယ် လို့ ဟောကိန်းထုတ်ခဲ့တယ်။

🍁  Liberal

လစ်ဘရယ်တို့၏ ရူးကြောင်ကြောင်
လက်တွေ့မဆန်သောလူ့အခွင့်ရေးသည်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဘက်ကကြည့်ပေးသော
လူ့အခွင့်ရေးမျိုးမဟုတ်

ရေနံနိုင်ငံများမှ ငွေထုပ်ကြီးကြီးဘက်မျက်နှာလိုက်ပြီး
ကိုယ့်လူမျိုးကိုစတေးခဲ့သော
ကျပ်မပြည့်သည့်အတွေးအခေါ်သာဖြစ်သည်

ယနေ့ ဘယ်သူတွေငွေဘယ်လောက်ရယူလက္ခံပြီး
"လူ့အခွင့်ရေး"ကိုကျယ်ကျယ်လောင်လောင်
အော်ခဲ့သည်ဟူသောအမှုများ
ပေါ်ထွက်လာခဲ့ကြပါပြီ

အာဏာရှိသူတို့က မီဒီယာကိုထိန်းချုပ်
ငွေရှိသူတို့က မီဒီယာကိုငွေဖြင့်ဝယ်ယူ၍
ပြည်သူများကို "အမှားအသိ" ပေးခဲ့ကြရာ
ထိုသူများမှာ သမိုင်းတရားခံများဖြစ်ကြပါ၏

Hard Power ဖြင့်အာဏာရှင်အမည်ခံကြရသူတို့
ထက်  Soft Power ကိုင်ထားကြသော
ကိုယ့်လူမျိုးကိုရောင်းစားကြသော
အာဏာရှင်များက ပို၍ဆိုးဝါးကြောင်း
သမိုင်းက ဖော်ထုတ်ပြသခဲ့ကြပါပြီ

လူ့အခွင့်ရေးသည် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်
သာဖြစ်သင့်ပါ၏
တခြား တဖက်မှကြည့်ရသောအရာမျိုးမဟုတ်ပါ

နိုင်ငံအားလုံး လူမျိုးအားလုံးသည်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်သာဦးထိပ်ပန်ဆင်
ကြပါ၏

သူတို့နိုင်ငံ သူတို့လူမျိုးအကျိုးအတွက်သာ
ဆောင်ရွက်ကြသည်ဟူသောသဘောတရားကို
မြန်မာတို့မမေ့ကြစေလို

ထို့ကြောင့်   ကိုယ့်အကျိုးစီးပွားနှင့်ဆန့်ကျင်သော
ဒီမိုကရေစီ နှင့် လူ့အခွင့်ရေးကို
ကိုယ့်ဘက်အကျိုးရှိအောင်သာအသုံးချသင့်သည်

မြန်မာတို့သင်္ခန်းစာ ရသင့်ကြပါပြီ
ဒီမိုကရေစီဟုအော်တိုင်း
အနောက်တိုင်း၏ အထောက်အပံ့ရရှိကြ၍
လူ့အခွင့်ရေးဟု အော်ပြနေကာမျှဖြင့်
အလိုမလိုက်သင့်တော့ပေ

မိမိနိုင်ငံ၏ ယဥ်ကျေးမှု ဓလေ့စရိုက်များနှင့်
ကိုက်ညီဆီလျော်သည့် ပါလီမန်ဒီမိုကရေစီစနစ်
မျိုးကိုသာ အုပ်မြစ်ချ အပင်ပျိုးပေးသင့်ကြပါ
ပေသည်။

Min Nanda
5-3-2023    ✍️✍️✍️

Post a Comment

Previous Post Next Post