NLDပါတီမဲခိုးခဲ့ပုံအဆင့်ဆင့်NLDအမတ်တို့ဝန်ခံထုတ်ပြန်လာ


ငါတို့ပြည်သူတွေမဲမခိုးဘူးကျွန်တော်NLDအမာခံပါ။NLDကိုပဲ အစဉ်တစိုက်မဲပေးခဲ့တဲ့သူတစ်ယောက်ပါ။အိမ်ကမိန်းမထက်NLD ကိုပိုချစ်တယ်လို့ပြောရင်ပိုတယ်မထင်ပါနဲ့။သို့ပေမယ့်NLDကကျွန်တော်တို့လူထုရဲ့ထောက်ခံမှုကို အလွဲသုံးစားလုပ်သွားတဲ့ ကိစ္စကိုတော့လက်မခံနိုင်ပါဘူး။ ပြည်သူလူထုထက်တော့NLD ကို ပိုမချစ်နိုင်ပါ။ဖော်ကောင်မလုပ်ချင်ပေမယ့်ကျွန်တော့်အနေနဲ့ကတော့ ဒီလိုမတရားမှုလုပ်တာကိုတော့လက်မခံနိုင်ဘူး။အဲ့ဒီ့တော့NLDမဲဘယ်လိုခိုးခဲ့တယ်ဆိုတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းချပြပါ့မယ်။

ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့သလဲ?
ဒီအဆင့်မှာ NLD အစိုးရက သူ့ကိုထောက်ခံသူတွေနဲ့ အမာခံတွေကို ရပ်/ကျေး ဥက္ကဋ္ဌတွေအဖြစ်၊ ရွေးကော်အဖွဲ့ဝင်တွေအဖြစ် ကြိုတင်အစားထိုးတာပါ။တိုင်း/ပြည်နယ် ဝကခတွေက ဦးစီးလုပ်တာပေါ့။ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီကိစ္စကိုသိနေတာပဲ။ဒါပေမယ့်ကိုယ့်လူတွေ ရပ်/ကျေးဥက္ကဋ္ဌတွေ၊ ရွေးကော်အဖွဲ့ဝင်တွေ ဖြစ်လာတော့ ကျေနပ်တာပေါ့။ကျွန်တော်တို့ကတော့မသိချင်ယောင်ဆောင်နေခဲ့တာ။ထင်ထင်ရှားရှားဖြစ်သွားတာက ပဲခူးဝန်ကြီးချုပ် ဦးဝင်းသိန်းကသူ့တူမစန်းစန်းမြတ်ကိုUECမှာထည့်ဖွဲ့ထားသလိုပေါ့။

အစိုးရက ပြည်နယ်နဲ့တိုင်းတွေမှာ လဝကဝန်ကြီးတွေတိုးချဲ့ခန့်အပ်ပြီး UEC မဲစာရင်းနဲ့လဝကရဲ့စာရင်းကို သိပ်မကွာအောင်ညှိဖို့ကြိုးစားခဲ့သေးတယ်။ဒါပေမယ့်လည်းစာရင်းပေါင်းချုပ်က ပြည်ထောင်စုအဆင့်မှာရှိပြီးဖြစ်လို့ ဒီကိစ္စမအောင်မြင်ခဲ့ဘူး။ဒါကNLDအတွက်ကံဆိုးတာပဲ။ UECရဲ့မဲစာရင်းတွေ ဖောင်းပွအောင်လုပ်ထားတာကို မဖုံးဖိနိုင်ခဲ့ကြဘူး။ စစ်တပ်ကသတိထားမိသွားပြီးဝင်စစ်တဲ့အဆင့်ကိုရောက်ခဲ့တာပေါ့။

မဲစာရင်းဖောင်းပွတော့ဘာလုပ်လို့ရပါသလဲ?
မဲလက်မှတ်တွေအပိုရိုက်ထုတ်လို့ရပါတယ်။မဲလက်မှတ်ဆိုတာက မဲပေးပိုင်ခွင့်ရှိသူအရေအတွက်ပေါ်မှာမူတည်ပြီး ရိုက်ထုတ်ရတာပါ။ ဒီလို မဲလက်မှတ်အပိုတွေရိုက်ထုတ်ပြီး ကြိုတင်မဲတွေနဲ့လိုအပ်တဲ့နေရာတွေမှာလိုသလိုဖြည့်လို့လှည့်လို့ရအောင်လုပ်ထားတာပါ။တစ်ချို့နေရာတွေမှာNLDပါတီရုံးတွေကနေ ပါတီကိုမဲပေးတဲ့ မဲလက်မှတ်တွေကို ချိတ်ဆက်ပြီး ပို့ပေးတာပေါ့။ ဒါကလည်း အောက်ကလုပ်တဲ့လူတွေ မပိရိတော့ပါတီတံဆိပ်နဲ့ချိတ်ပိတ်ထားတဲ့မဲလက်မှတ်စာလာအိပ်တွေ အထုပ်လိုက်တွေ့နေရတာပေါ့။

မဲခိုးတာကိုဘာကြောင့် မဖုံးဖိနိုင်ခဲ့သလဲ?
မဲစာရင်းဖောင်းပွအောင်လုပ်ထားတော့မှတ်ပုံတင်တစ်ခုတည်းနဲ့ နှစ်ကြိမ်ထပ်နေတဲ့မဲစာရင်းက(၃၅) သိန်းကျော်၊ သုံးကြိမ်ထပ်နေတာက (၃)သိန်းနီးပါးရွိတယ်ဆိုတာပေါ်လာတယ်။မှတ်ပုံတင်မရှိဘဲ မဲပေးထားတာက(၄၉)သိန်းကျော်ရှိတယ်။ရပ်/ကျေးဥက္ကဋ္ဌတွေကမြို့နယ်ရွေးကော်နဲ့လက်ဝါးချင်းရိုက်ပြီးထောက်ခံချက်တွေလိုသလိုရိုက်ထုတ်ပေးခဲ့ကြတာပါ။မဲရုံမှာပျောက်နေတဲ့ဆန္ဒမဲပေးထားတဲ့မဲလက်မှတ်ပေါင်း(၁၄)သိန်းကျော်ရှိပါတယ်။

NLDပါတီမဟုတ်တဲ့အခြားပါတီကိုမဲပေးတဲ့မဲလက်မှတ်တွေကိုဖျောက်ဖျက်ခဲ့တာပါ။မဲရုံတွေမှာ ပိုနေတဲ့မဲလက်မှတ်တွေက ၄ သိန်းကျော်ရှိတယ်။မဲလက်မှတ်အပိုတွေနဲ့NLDထောက်ခံမဲတွေရအောင်ဖြည့်ခဲ့ကြတာပါ။မဲလက်မှတ်ဆိုတာ လက်ခံဖြတ်ပိုင်းနဲ့ကိုက်ညီနေရပါတယ်။ လက်ခံဖြတ်ပိုင်းမှာရှိရမယ့်အရေအတွက် ၁၅ သန်းကျော်ရှိပေမယ့်၊မဲပေးထားတဲ့လက်မှတ်တွေက(၂၆)သန်းကျော်ဖြစ်နေတယ်။

NLDအမတ်ဇေယျာသော်၊NLD
အမတ်ဆံသညီညီတို့ဝမ်းသာအားရနဲ့ဖေ့စ်ဘုတ်ပေါ်တင်လိုက်တဲ့ မဲရလာဒ်တွေကမဲပေးခွင့်ရှိသူအရေအတွက်ထက်များနေတဲ့ကိစ္စမျိုးတွေ၊ဦးကျော်ဇေယျတို့ဆိုရင်သူ့မိသားစုပေးတဲ့မဲတောင်မပါတော့ပဲ
(သုည)မဲဖြစ်နေတာမျိုးတွေ၊ဦးကျော်ဇေယျမိသားစုတွေNLDခိုးလိုက်တာပါဘဲ။သဲကုန်းမှာစာအုပ်နံပါတ်မထားတဲ့မဲစာအုပ်အသစ်(၉)အုပ်တွေ့တယ်ဆိုတဲ့ကိစ္စလိုမျိုးပေါ့။NLD အစိုးရဟာ ပိပိရိရိ မလုပ်နိုင်ခဲ့ပါဘူး။ဖုံးမရဖိမရကိစ္စတွေများခဲ့တယ်ဆိုပါတော့။

မဲပိုရအောင်ဘယ်လိုလုပ်ခဲ့သလဲ?
ကျွန်တော်တို့NLDအမာခံတွေပါတီဝင်တွေကရပ်/ကျေးဥက္ကဋ္ဌတွေနဲ့ပေါင်းပြီး ရွေးကောက်ပွဲကိစ္စမှန်သမျှဝင်ရောက်လုပ်ကိုင်ပါတယ်။ ပါတီအလံတွေ၊တံဆိပ်တွေသုံးပြီးကြိုတင်မဲကောက်တဲ့ကိစ္စတွေလိုပေါ့။သက်ကြီးရွယ်အိုတွေကမျက်စိမကောင်းကြတော့ဘူးလေ။ NLD ကိုယ်စားလှယ်နေရာမှာတံဆိပ္တုံးထုဖို့ပြလိုက်ရုံပါပဲ။ကြိုတင်မဲကောက်ကြတော့NLDပါတီကမဲလာကောက်တယ်လို့ထင်နေကြသူတွေ အတော်များတယ်။

UEC တံဆိပ်မပါ၊ တံဆိပ်ပုံးမထုဘဲ ဘောပင်နဲ့အမှန်ခြစ်ထားလည်းခိုင်လုံမဲထည့်ရေတွက်လို့ရအောင် ညွှန်ကြားချက်ထုတ်ထားပါတယ်။ ဒါကြောင့်NLDမဲမှန်သမျှခိုင်လုံမဲဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့တံဆိပ်တုံးအတုထွက်တယ်ဆိုပြီး ပြောထားတာပေါ့။COVID ကြောင့် ကြိုတင်မဲပေးထားပြီးသူတွေလည်း မဲထပ်ပေးလို့ရအောင်တစ်ဖက်လှည့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။တစ်ချို့ကတော့ သတိမထားမိကြပါဘူး။

အမှန်တော့မဲထပ်ပေးလို့ရအောင်ဆိုတာထက်ပိုနေတဲ့မဲအရေအတွက်ကို ဘောင်ဝင်အောင်လုပ်ဖို့ပါ။ မဲပေးဖို့အတွက် အချက်အလက်မခိုင်လုံပဲ ကြိုတင်မဲပေးဖို့ခွင့်ပြုတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ဥပမာလက်ဗွေ/လက်မှတ်မပါဘဲ မဲလက်မှတ်ထုတ်ပေးထားတဲ့ကိစ္စတွေလိုမျိုးပေါ့။ အပြင်ကရောက်လာတဲ့မဲတွေ၊ အပိုထည့်ထားတဲ့မဲတွေအတွက် စာရင်းကိုက်အောင် လုပ်ထားတာပေါ့။သို့သော်ပမာဏများပြားလွန်းတော့

ကိုက်ညီအောင် မလုပ်နိုင်ခဲ့ပါဘူး။

ကြို့ပင်ကောက်NLDအမတ် နော်ပွယ်စေးရဲ့မဲတွေမှာ၂၀၁၅ကမဲလက်မှတ်တွေ ထည့်ရေတွက်ထားခဲ့တာတွေပေါ်လာခဲ့တယ်ရေစကြိုမှာ မဲပေးရမယ့်အမတ်စာရင်းနဲ့မကွေးက အမတ်တွေရဲ့စာရင်းမှားနေတာ သတိထားမိကြမှာပေါ့။ အမှန်တော့ ရှေ့မှာကျွန်တော်ပြောခဲ့တဲ့မဲလက်မှတ်အပိုတွေနဲ့ရောပြီးမှားပေးလိုက်မိကြတာပါ။ကျွန်တော်တို့နိုင်ငံမှာအခုလိုအခြေအနေတွေဖြစ်ခဲ့ရလို့ကျွန်တော်စိတ်မကောင်းပါဘူး။ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေရပါတယ်။ပြည်သူများအားလုံးကိုလည်းတောင်းပန်ပါတယ်။ကျွန်တော့်အနေနဲ့နိုင်ငံနဲ့ ပြည်သူလူထုကြီးထက်တော့NLDပါတီကိုပိုမချစ်နိုင်တော့ပါဘူး။အခုစစ်ကောင်စီက စစ်နေတော့လည်းဒါတွေကိုတွေ့နေရတာပဲလေ။ကျွန်တော်သိနေလျက်နဲ့မပြောခဲ့မိလို့အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ။
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။

NLDဦးထွန်းဇော်
(CDM-721621)

Post a Comment

Previous Post Next Post