သတင်းအရဖမ်းဆီးစစ်ဆေးစဥ် အကြမ်းဖက် PDF သင်တန်းဆင်း တစ်ဦး ဖမ်းဆီးရမိ

  မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ်(၈၉)အစုန် အမြန်ရထားတွင် သိမ်ဇရပ်ဘူတာမှ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာနေ ဒေါ်စန်းစန်းအေး ဦးစီး၍ အကြမ်းဖက်သင်တန်းဆင်း ကျား(၅)ဦး၊ မ(၄)ဦး၊ ပေါင်း (၉)ဦးတို့ လိုက်ပါ စီးနင်းမည်ဖြစ်ကြောင်း သတင်းရသဖြင့် သိမ်ဇရပ်တပ်နယ်မှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်ကြီး၊ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စောင့်ဆိုင်းနေစဉ် ခရွဲကျေးရွာဘက်မှ ဒေါ်စန်းစန်းအေး ဦးစီး ကျား(၄)ဦး၊ မ(၃) ဦး တို့သည် ဆိုင်ကယ်ကယ်ရီများဖြင့် လာရောက်စဉ် ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ဖမ်းဆီးစစ်ဆေးထိန်းသိမ်းခဲ့ပါတယ်။

      ဖမ်းဆီးထိန်းသိမ်းခဲ့သော သူများမှာ ဒေါ်စန်းစန်းအေး၊ ၅၂ နှစ်၊(ဘ)ဦးမြအောင်၊ ဗမာ/ဗုဒ္ဓ၊ မွန်စုရပ်ကွက်၊ ခရွဲကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ ဦးစောသီဟဝင်းခိုင်၊၂၀ နှစ်၊(ဘ)ဦးဝင်းခိုင်၊ ဗမာ/ဗုဒ္ဓ၊မွန်စုရပ်ကွက်၊ ခရွဲကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ ဦးချမ်းမင်းကို ၊ ၁၉ နှစ်၊(ဘ)ဦးစိုးနိုင်၊ ဗမာ/ဗုဒ္ဓ၊ခရွဲကျေးရွာ၊ကျိုက်ထိုမြို့နယ်၊ ဦးပြည်ဖြိုး၊၁၉ နှစ်၊(ဘ)ဦးဖိုးလှ၊ ဗမာ/ဗုဒ္ဓ၊ခရွဲကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ ဦးသန်းညွန့်၊ ၁၈နှစ်၊ (ဘ) ဦးတင်ကြည်၊ဗမာ/ဗုဒ္ဓ၊ခရွဲကျေးရွာ၊ကျိုက်ထိုမြို့နယ်၊ မချိုချိုလွင်၊ ၁၈ နှစ်၊(ဘ)ဦးမင်းလွင်၊ဗမာ/ဗုဒ္ဓ၊မွန်စုရပ်ကွက်၊ခရွဲကျေးရွာ၊ကျိုက်ထိုမြို့နယ်၊မစုစုငယ်၊ ၁၃ နှစ်၊(ဘ)ဦးမျိုး၊ ဗမာ/ဗုဒ္ဓ၊မွန်စုရပ်ကွက်၊ခရွဲကျေးရွာ၊ ကျိုက်ထိုမြို့နယ်နေသူတို့ဖြစ်ကြပါတယ်။

      အဆိုပါ ဖမ်းဆီးစစ်ဆေးသူများအနက် စောသီဟဝင်းခိုင် ဆိုသူသည် ယခင်က ကရင်ပြည် နယ်၊ ပိုင်ကျုံမြို့နယ်၊ကစိုကျေးရွာတွင်နေထိုင်ခဲ့ပြီး ၂၀၂၁ နို ၂၁ ရက်နေ့တွင် PDF အကြမ်းဖက် သင်တန်း အမစ(၃)အား ပိုင်ကျုံဒေသတွင် တတ်ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။
       ကျန်ဖမ်းဆီးရမိသူများမှာ ဒေါ်စန်းစန်းအေးနှင့် သံသယတရားခံများ စစ်ဆေးမေးမြန်းချက်များအရ PDF အကြမ်းဖက်နှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ ဒေါ်စန်းစန်းအေး၏ သားဖြစ်သူ ဦးသန့်ဇင်၊ ၂၈နှစ်၊(ဘ)ဦးမျိုး၊တာချီလိတ်မြို့နေသူ၏ အဆက်အသွယ်ဖြင့် အလုပ်အကိုင်ရှာဖွေ၍ အလုပ်လုပ်နိုင်ရေးအတွက် ကျား(၄)ဦး၊ မ(၃)ဦးတို့အား တာချီလိတ်မြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် သွားရောက်ရန်ခေါ်ဆောင် လာခြင်းဖြစ်ပါတယ်။

    အကြမ်းဖက် PDF သင်တန်းတက်ရောက်ခဲ့သည့် တရားခံ စောသီဟဝင်းခိုင် အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့်  အကြမ်းဖက် PDF အဖွဲ့နှင့် ပတ် သက်ဆက်နွယ်ခြင်းမရှိသည့် သံသယတရားခံများအား ဝန်ခံလက်မှတ်ရေးထိုးစေပြီး သက်ဆိုင် ရာ မိဘများထံ ပြန်လည်အပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဟု နယ်မြေခံ လုံခြုံရေးအဖွဲ့ထံမှ သတင်းရရှိပါတယ်။

https://t.me/positiveanglenews

#PAN

Post a Comment

Previous Post Next Post