ဒေါ်စုဟာ ရုပ်ပြကောင်းတယ်။ မျိုးရိုးအရှိန်အဝါရှိတော့ ပြည်သူတွေကြားမှ ဒေါ်စုကို ချပြပြီး ဂျင်းထည့် မှိုင်းတိုက် လုပ်ရတာ ခရီးရောက်တယ်။
ပန်းချီဆရာတစ်ယောက် ပြောတာကို အမှတ်ရမိတယ်။ "အလုပ်မကောင်းလို့ စရိတ်ပြတ်လာပြီဆိုရင် ဒေါ်စုပုံလေးတစ်ပုံလောက် ပန်းချီဆွဲ၊ သံမဏိနှင်းဆီ လို့ ခေါင်းစဉ်တပ်ပေးလိုက်ရင် ဟန်ကျသွားတာပဲ" တဲ့။
ပန်းချီဆရာမှ မဟုတ်ပါဘူး။ စာရေးဆရာ၊ အနုပညာရှင် နယ်ပယ်ပေါင်းစုံက ဒေါ်စုကို အသုံးချပြီး ကိုယ်ကျိုးရှာချင်ကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်စားသူတွေဆိုရင်တော့ သူတို့ ပြောချင်တဲ့စကား၊ သူတို့ လုပ်ချင်တဲ့အလုပ် ဒေါ်စုကို ခုတုံးလုပ်ပြီး ပြည်သူလူထုကို မှိုင်းတိုက်ကြတာပဲ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာ အုပ်စုဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့ ဆိုရင်လည်း သူတို့ ရဲ့ အဓိက အလုပ်က ခိုးဝင်ဘင်္ဂလီများကို လူမျိုးလိမ်အမည်နဲ့ လက်ခံလာအောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို တွင်ကျယ်အောင် လုပ်ဆောင်နိုင်ဖို့ ကြတော့ အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းလိုတယ်။ ဒေါ်စု နဲ့ NLD ဟာ လူမျိုးလိမ်အရေးကိစ္စအတွက် အသုံးချဖို့ လုံလောက်တဲ့ အဖွဲ့အစည်းပေါ့။
NLD ပါတီ အာဏာရတဲ့အချိန်မှာ ဒေါ်စု လူမျိုးလိမ်နာမည်ကို အသိအမှတ် ပြုခဲ့လို့လား။ မပြုခဲ့ပါဘူး။ RFA က အတင်းအဓမ္မ အသိအမှတ်ပြု လက်ခံပေးဖို့ ဇွတ်မေးတာကိုတောင် ရှောင်သွားခဲ့ပါတယ်။ အခု ဒေါ်စု အဂတိလိုက်စားမှုတွေကြောင့် အကျဉ်းကျခံနေရချိန် NLD ဦးဆောင်သူများနဲ့ ပူးပေါင်းပြီး လူမျိုးလိမ်အရေးလှုပ်ရှားနေတဲ့ အောင်မျိုးမင်းတို့ က NUG အဖွဲ့ထဲ ဝင်လာပြီး လူ့အခွင့်အရေးဝန်ကြီး နေရာကို ယူတယ်။ NUG အကြမ်းဖက်အဖွဲ့မှာ ဘာမှ ပြောရေးဆိုခွင့် မရှိတဲ့ ဒေါ်စုကို အတိုင်ပင်ခံ ထားတယ်။ ဒေါ်စုကို ပြယုဂ်အနေနဲ့မထားရင် သူတို့ကို ဘယ်သူကမှ ထောက်ခံတော့မှ မဟုတ်ဘူးဆိုတာ သိတဲ့အတွက်ကြောင့် အလွဲသုံးစား လုပ်ခြင်းပါပဲ။ အဲဒီလို ပြယုဂ်အနေနဲ့ ဒေါ်စုပါဝင်နေတဲ့ NUG အကြမ်းဖက်အဖွဲ့က လူမျိုးလိမ်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုတယ်လို့တောင် ပြောဆိုလာတယ်။
တိုင်းပြည်နဲ့ လူမျိုးကို လက်ညှိုးထိုးရောင်းစားနေတဲ့ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေအတွက်ကတော့ ဒေါ်စု ရှင်သန်နေသ၍ စီးပွားဖြစ်စေတဲ့ ရုပ်ဝတ္ထုတစ်ခုအဖြစ် လိုသလို အသုံးချနေကြမှာပဲ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
Post a Comment