သူများစကား နားယောင်မိလို့ ကိုယ့်သားသမီးပါ ဒုက္ခရောက်ရတဲ့အဖြစ်

အဲ့လို့ လူစားမျိုးတွေက nug အကြီးပိုင်း တွေထဲမှာတင် မဟုတ်ပဲ ရပ်ကွက်ထဲက နီပိန်းအချို့ ကြားထဲမှာလည်း ရှိနေကြောင်း သတင်းသဲ့သဲ့ ကြားခဲ့ရတယ်။ ဆင်းရဲနွမ်းပါးသူ နီပိတ်တွေရဲ့ သားသမီးတွေကြတော့ နစကဖွင့်တဲ့ကျောင်း မတက်ကြနဲ့၊ မေမေလာမှကျောင်းတက်ဆိုပြီး လူချမ်းသာနီပိတ်တွေက သူတို့သားသမီးတွေကို ဂိုက်ခေါ်သင်တာတို့ ခိုးဖွင့်တဲ့ကျောင်း (သူခိုးကျောင်း) မှာ ထားတာတို့ လုပ်ကြတယ်။
အခုနှစ် အခြေအနေ မဟန်မှန်းလဲသိရော တစ်ချို့ကျောင်းတွေမှာ ဆရာတွေနဲ့ပေါင်းပြီး အတန်းတွေ ကျော်အပ်ကြပါလေရော။ ဆင်းရဲနွမ်းပါးသူ နီပိတ်တွေရဲ့ ကလေးတွေကတော့ ပိုက်ဆံလဲမတတ်နိုင် အရင်နှစ်ကလဲ ဘာကျောင်းမှ မတက်ခဲ့ရ၊ ဘာစာမှ မသင်ခဲ့ရတော့၊ အားလုံး တစ်ကနေပဲ ပြန်စရတော့တာပေါ့။ တစ်ချို့လဲ ကျောင်းထွက်ပြီး စားပွဲထိုး၊ အမှိုက်ကောက်တွေ ဖြစ်သွားရရှာတယ်။

သူများစကား နားယောင်မိလို့ မိမိကိုယ်တိုင်တင် မဟုတ်ပဲ မိမိသားသမီးကိုပါ ဒုက္ခတွင်းထဲ ဆွဲသွင်းသွားခဲ့ကြတဲ့ မိဘတွေဆိုတာ အဲလိုမျိုးပဲ။ ဒါတွေဟာ ပညာမတတ်၊ ပညာမဲ့ရခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပဲ။ #dgf21news

Post a Comment

Previous Post Next Post