တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးသင့်ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်တိုင်းရင်းသားအဖွဲ့မှ အနုပညာရှင် ၁၀ ဦး၊ စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသည့် အခြေခံစားကုန်၊ အိမ်သုံးပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၃.၃ တန်တို့ကို ရန်ကုန်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၈၃ တန်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၂၅၄ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါ ကူညီကယ်ဆယ်ရေး ပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်း သတင်းရရှိသည်။
Post a Comment