ယခုရက်ပိုင်း လူသတ်အကြမ်းဖက်PDFအုပ်စုဘက်က သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေတာေတွ့ရတယ်။ ဒါဟာ ဘာရည်ရွယ်ချက်လဲဆိုရင် မြေပြင်မှာ PDFအကြမ်းဖက်တွေ အများအပြားသေကြေမှုတွေရှိ
နေကြတယ်။ ဥပမာ-ပဇီကြီးဖြစ်စဉ်မှာ PDFတွေ အယောက် ၁၀၀ကျော်သေတယ်။ကိုယ်ပြတ်ခေါင်းပြတ်တွေ သစ်ပင်ပေါ်သစ်ကိုင်းတွေမှာ တွဲလောင်းချိတ်လျှက်တွေ၊ဘယ်ခန္ဓာကိုယ်က ဘယ်သူ့အလောင်းမှန်းမသိဖြစ်ခဲ့ရတယ်။အဲဒီပဇီကြီး ပအဖရုံးဖွင့်ပွဲကို တပ်မတော်လေကြောင်းက အမှုန့်ကြိတ်လိုက်တဲ့အခါ PDFတွေသွေးပျက်ခြောက်ခြားသွားတယ်။လိုင်းပေါ်မှာလည်းပလူပြန်သွားတတယ်ပေါ့ဗျာ။(ဒါက ကန့်ဘလူနယ်က ပဇီကြီးဖြစ်စဉ်)
အဲဒီပဇီကြီးဖြစ်စဉ်ထက် အဆ ၃ဆပိုဆိုးတဲ့ ထီးချိုင့်ဖြစ်စဉ်က လိုင်းပေါ်ကိုတက်မလာဘူး။ အကြမ်းဖက်PDF,KIAပူးပေါင်းအဖွဲ့ အယောက် ၃၀၀ကျော်သေတယ်။ ဒဏ်ရာရက ၂၀၀ကျော်တယ်။ ဆေးကုတဲ့ ဆေးအဖွဲ့တောင် အလောင်းတွေမြင်ပြီး ဒဏ်ရာရအစုလိုက်အပြုံလိုက်မြင်တော့ သွေးလန့်သွားရတဲ့ဖြစ်စဉ်က အများပြည်သူမသိလိုက်တဲ့ မြေပြင်ဖြစ်ရပ်အမှန်အခြေအနေဖြစ်တယ်။
ရှေ့မှာဖြစ်ခဲ့တဲ့ ပဇီကြီးဖြစ်စဉ်က မကြားသေးဘူး ထီးချိုင့်ဖြစ်စဉ်က ဆက်ဖြစ်တော့ မြေပြင်က အကြမ်းဖက်ခေါင်းဆောင်တွေက လူထုအားလျော့စိတ်ပျက်ပြီး ပွဲအရှိန်ထိုးကျသွားမှာကိုစိုးရိမ်တော့ မြေပြင်ထီးချိုင့်ဖြစ်စဉ်အမှန်ကို အသံထွက်ပြီး မအော်ရဲဘူး။
လူကြားထဲ အဟွာကို ပုရွက်ဆိတ်ကိုက်ခံရသလို့ မကုပ်ရဲမပွတ်ရဲ လူမြင်မှာစိုးတော့ ကြိတ်ပြီးအကိုက်ခံနေရသလိုမျိုးပေါ့။ ဘယ်မီဒီယာကမှ ဖော်မပြခဲ့တဲ့ မြေပြင်ဖြစ်ရပ်အမှန်းဖြစ်တယ်။
ပြောချင်တာက မြေပြင်အခြေအနေအမှန်တွေက လိုင်းပေါ်မှာမရှိဘူး။ မီဒီယာသတင်းစာမျက်နှာတွေမှာမရှိဘူး။မီဒီယာအများစုက လုပ်ကြံဝါဒဖြန့်မှုတွေကအများပြားရှိနေတော့ သာမာန်ပြည်သူတွေဟာ သတင်းအမှားတွေရဲ့အဆိပ်မိကုန်ကြတယ်။
လတ်သလော အခုရက်ပိုင်း ပြည်ဖျက်မီဒီယာတွေက ဘာရေးကြသလဲဆိုတော့
-နေပြည်တော်ကို ၄နေရာလောက်PDFတွေကဝင်ပစ်တယ်ဆိုတဲ့သတင်းအမှားတွေ၊
-ဒေါ်စုကြည်ကို နစက ဘက်က ထောင်ထဲသွားတွေ့တယ် PDFတွေကို နားချပေးဖို့ ဘာညာဘာညာသတင်းတွေရေးကြတယ်၊
-နမခတိုင်းမှူးကို နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဘာညာဘာညာ သတင်းအမှားတွေ ရေးဖြန့်နေကြတယ်။ သူဟာသူ တိုင်းမှူးမို့ နပတကို အစည်းဝေးသွားတာဖြစ်တယ်။
ဒါဟာ ဘာကိုရည်ရွယ်သလဲဆိုရင် အထိနာနေတဲ့ မြေပြင်PDFတွေစိတ်ဓာတ်မကျအောင်၊ ၂၀၂၃မှာ PDFက နိုင်ငံတော်ကိုသိမ်းမယ်ဆိုတဲ့စကားကကျွံ့ထားတော့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တဲ့အကွက်ပါပဲ။
မြေပြင်မှာ တပ်မတော်စစ်ကြောင်းလာရင် ဘယ်PDFအဖွဲ့ကမှ ခံမတိုက်ဘူး။လူထုအရင်သူတို့က အရင်ပြေးကြသာချည်းပါပဲ။ မပြေးပဲ ခံတိုက်တဲ့ PDF ရှိရင် ကိုယ့်စခန်းကို ကာကွယ်နိုင်တဲ့ PDFအဖွဲ့ရှိရင် ဘယ်မှာရှိလဲ။
ငါတို့PDF စခန်းရှိတယ် လာတိုတ်စမ်းလို့ စိန်ခေါ်ရဲတဲ့ PDFရှိရင် ပြောပြစမ်းပါအရပ်ကတို့ရေ...
Post a Comment