မိုးဗြဲမှာ လက်နက်ကိုင်အဖွဲ့တွေက မုဒိန်းကျင့်ခံရလို့ သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်စဥ်ရဲ့ နောက်ကွယ်က အမှန်တရား


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မီဒီယာတွေရဲ့ စာမျက်နှာထက်က သတင်းတစ်ပုဒ်က ထူးဆန်းသော အကြောင်းအရာတွေနဲ့ တင်ဆက်ထားပါတယ်။ ဘာသတင်းလဲဆိုတော့ ထုံးစံအတိုင်း စကစတပ်တွေက မိုးဗြဲမြို့ထဲမှာ အမျိုးသမီး ၂ ဦး
ကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ Khit Thit Media အပါအဝင် မီဒီယာအတော်များများက မိုးဗြဲ PDF အဖွဲ့ရဲ့
ပြောဆိုချက်ကို ကိုးကားပြီး ရေးသားထားတာကို တွေ့ရပါတယ်။

ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ဖော်ပြနေတဲ့ တိုက်ပွဲဖြစ်စဥ်သတင်းတွေနဲ့ ဒေသခံတွေရဲ့ အသံတွေကို
လေ့လာနားထောင်ကြည့်လိုက်တဲ့အချိန်မှာတော့ အလွန်ကို အံ့သြစရာကောင်းနေတဲ့ ဖြစ်ရပ်တွေ ဖြစ်နေပါတော့တယ်။

ကယားပြည်နယ်အတွင်းမှာ နေ့စဥ်လိုလို စကစတပ်တွေနဲ့ KNPP/PDF တွေအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။
မကြာသေးမီက KNPP/PDF တွေဟာ မိုးဗြဲမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ လုပ်ဆောင်လာခဲ့တာကြောင့် စကစတပ်တွေဟာ ရှိတဲ့ အင်အားအနည်းငယ်ဖြင့်  မြို့နေပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေး နေ့ညမပြတ်စောင့်ရွက်နေတာကိုလည်း ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၉ ရက်နေ့မတိုင်မှီ မိုးဗြဲမြို့ထဲကို နောက်ထပ်စကစတပ်တွေ စစ်ကူမလာနိုင်အောင် PDF တွေက မိုးဗြဲမြို့ အနောက်ဘက်မှာရှိတဲ့ လွယ်ယင်းတောင်ခြေရွာနဲ့ လွယ်ယင်းမင်္ဂလာရွာဘက်မှာ အခြေပြုပြီး မြို့နဲ့ရွာအကြားမှာလည်း မိုင်းတွေ ထောင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် PDF အဖွဲ့တွေဟာ မြို့ထဲသို့ ညစဥ်ဝင်ရောက်ကာ မြို့ထဲ စည်းကား(၁)ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ စကစတပ်တွေ ရှိတယ်လို့ ယူဆပြီး လက်နက်ငယ်များဖြင့် မကြာခဏ ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

မိုးဗြဲဒေသခံတွေကတော့ စစ်ရဲ့ ကံကြမ္မာဆိုးနဲ့ ကြုံနေရတဲ့ကြားက နောက်ထပ်ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ ထပ်ကြုံခဲ့ရပြန်လေပြီ။ ဇွန်လ ၉ ရက်နေ့ညမှာတော့ ထုံးစံအတိုင်း မိုးဗြဲ PDF အဖွဲ့တွေက ဘုန်းကြီးကျောင်းတဝိုက်မှာ ရှိတဲ့ စကစ တပ်တွေကို ချောင်းမြောင်းပြီး လုပ်ကြံသတ်ဖြတ်ဖို့ မြို့ထဲကို ဝင်လာပြီး နေရာယူစောင့်နေပါတော့တယ်။ ဇွန်လ ၁၀ ရက်နေ့ မနက် ၂ နာရီကျော်အချိန်မှာတော့ မိုးဗြဲ PDF အဖွဲ့ဝင် ၂ ဦးမှ နေအိမ်များရှေ့ရှိ လမ်းပေါ်သို့ လူများ ပြေးလွှားနေသည့်အရိပ်များ တွေ့ရသဖြင့် သေနတ်ဖြင့် ၆ ချက် ဆက်တိုက်ပစ်လိုက်တော့သည်။ ဒီဘက်က သေနတ်ဖြင့် ပစ်လိုက်သော်လည်း တဖက်မှ တုံ့ပြန် ပစ်ခတ်သံမကြားရသလို စကစတပ်များ ရှိသည်နေရာကလည်း ဘာအသံမှ မကြားရ။

မနက်မိုးလင်းလို့ သွားကြည့်တော့မှ ညက ပစ်လိုက်တဲ့ ကျည်ထိပြီး သေဆုံးနေသူတွေက စကစတွေ မဟုတ်။အရပ်သားတွေပင် ဖြစ်နေတော့ ထုံးစံအတိုင်း PDF ခေါင်းဆောင်ဖြစ်သူ အောင်မင်းထံ တင်ပြလိုက်ပြီး သိပ်မကြာခင်မှာဘဲ ခေတ်သစ်လိုမျိုး မီဒီယာမှာ စကစက မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ ဖြစ်သွားပါတော့တယ်။(ဒီနေရာမှာ စာရှုသူတို့ သိထားသင့်သည့်အချက်တစ်ချက်က ကျည်ထိမှန်သေဆုံး အမျိုးသမီး ၂ ဦးထဲက တစ်ဥိီးဟာ CDM မလုပ်ဘဲ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်နေလို့ပါပဲ။ ဒီလိုဝန်ထမ်းမျိုးကို စကစအနေနဲ့ သတ်စရာ အကြောင်း ရှိမည်မဟုတ်ပါ။)

နောက်တချက်က မိုးဗြဲ PDF (MBPDF-1001)မှ မိုးဗြဲမြို့အတွင်း စကစတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များအကြား စစ်ရေးအရ တင်းမာလျက်ရှိနေသည့်အတွက် စကစတပ်များအနီးနှင့် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်သို့ သွားလာခြင်းမပြုရန် သတိပေးခြိမ်းခြောက်မှုများ ထုတ်​​ပြန် ထားသည်။

PDF တွေ ပစ်လိုက်သော ကျည်ထိမှန် သေဆုံးခဲ့သည့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးမှာ စကစတပ်များ
ရှိရာ ဘုန်းကြီးကျောင်းနှင့် နီးသော နေရာတွင် ရှိနေပါတယ်။ဒါ့ဟာ ဘယ်သူ့လက်ချက်ကြောင့် သေဆုံးခဲ့တယ်ဆိုတာ ထင်ရှားတဲ့ သက်သေတွေပါပဲ။
(ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ကလည်း  KNPP/KNDF၊ PDF အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲ ဟော်ခမ်းသွားလမ်း ပွန်ချောင်းဘေး ထူးချပ်ကျေးရွာခံ အမျိုးသမီး တစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ရှိနေခဲ့သည်။)

ထိုနေ့မှာပင် မိုးဗြဲမြို့ ရထားသံလမ်းတဝိုက်မှာ စကစတပ်တွေနဲ့ PDF တွေ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပါတော့တယ်။ မိုးဗြဲမြို့ကြီးကို စစ်တလင်းအဖြစ် ဖန်တီးနေသူတွေက စကစမဟုတ် NUG လက်ဝေခံ အကြမ်းဖက် PDF တွေဟာ ဖြစ်ပါတယ်။

(PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသော ဦးအေး၊မမော်၊မသင်္ဂီတို့ ကောင်းရာဘုံဘဝ ရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်။)

#ခူးရယ်(Mobye)
#Mawshan Myay Media
(မှတ်ချက်။ PDF အဖွဲ့ဝင်တချို့ထံ ဆက်သွယ်မေးမြန်း ပြောကြားမှု၊ ဒေသခံများထံ ဆက်သွယ်မေးမြန်း ပြောကြားမှုတို့အား ဆီလျော်အောင် ပြန်လည်ရေးသားဖော်ပြခြင်း ဖြစ်သည်။)

Post a Comment

Previous Post Next Post