ရန်ကုန်တိုင်း စစ်ရုံးဖြစ်တဲ့အချိန် ၂၀၀၀ ပတ်ချာလည်က ကမ္ဘာအေးကုန်းမြေဆိုတာ အထူးသဖြင့် ရန်ကုန်မြေဈေးက အဲ့လောက် မိုးထိအောင် မမြင့်သေးဘူး။ စစ်ရုံးကုန်းမြင့်သာနဲ့ကမ္ဘာအေးက တဆက်တည်းမို သာသနမြေက ပါကောင်းပါနိုင်ပေမဲ့ ခုလောက်လည်း မစည်ကားသေးချိန်၊ ဘယ်သူကမှလည်း အထူးတလည် စိတ်မဝင်စားခဲ့ကြဘူး။ ဖွဲစည်းပုံတောင် ၂၀၀၈ မှာမှ အတည်ပြုခဲ့တာ ဖြစ်သလို လက်ရှိဝန်ကြီးချုပ်တောင် ဒီဖြစ်စဉ်ဖြစ်တော့ တပ်မမှူး ဖြစ်ကာစ အချိန်ပဲ ရှိသေးတယ်။
တပ်ချုပ်ကြီးက ၂၀၁၂ လောက်မှာ တရားဝင် တပ်ချုပ်ကြီးရာထူး ရခဲ့တယ်။ USDP လက်ထက် ၅ နှစ်မှာ တောင် ဘာပြသနာမှ မရှိခဲ့တဲ့ ရွှေပန်းကန်ပြား ယူ အောင်ကိုက ဒေါ်စု အစိုးရတက်လာချိန်မှာ ဘာသာရေးတိုက်ခိုက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ဒေါ်စု ဇာတ်ညွှန်းအတိုင်း လုပ်လာတယ်။ မဘသ မရှိသင့်ဘူး၊ မဘသ ဟာ တရားဝင်အဖွဲအစည်း မဟုတ်ဘူးဆိုတာ ဒီ ဇာတ်ညွှန်းတွေရဲ့ အစိတ်အပိုင်းတွေပဲပေါ့။ ၂၀၁၅ ကနေ အာဏာသက်တမ်း မကုန်ခင်အထိ NLD အစိုးရအနေနဲ့ ရှိသမျှမြေတွေ ပြန်သိမ်းတယ်။ ရနိုင်သမျှ မြေတွေ ပြန်တောင်းတယ်။ ဥပမာ ရန်ကုန် တပ်စည်ပင်ပိုင်မြေထဲက တချိုကို ပြန်တောင်းတယ်။ တပ်ချုပ်ကြီး ၊ လက်ရှိ ဝန်ကြီးချုပ်က ဘာမှတ်ချက်ပေးခဲ့သလဲဆိုတော့ " မြေပြင်တပ်မှူးများ စိစစ်ပါ၊ စွန့်လွှတ်ပေးနိုင်ပါက စွန့်လွှတ်ပေးရန်" ဆိုတဲ့ မှတ်ချက်နဲ့ သူ့ဆီတက်လာတဲ့ မြေတိုင်စာတွေကို ဒီလိုပဲ မှတ်ချက်ပြုတယ်။ ရန်ကုန်က မြေတချိုကိုလည်း ပြန်စွန့်လွှတ်ပေးခဲ့တယ်။ ဆိုလိုတာက ကမ္ဘာအေးမြေမှ မဟုတ်ဘူး။ တနိုင်ငံလုံးက တပ်ပိုင်မြေတွေကို စိစစ်ပြီး စွန့်နိုင်တဲ့ မြေတွေကို ကာကွယ်ရေးဝန်ကြီးဌာနက စွန့်ခဲ့တယ်။ ခက်တာက တပ်က စွန့်ပေမဲ့ ရန်ကုန်မှာဆို အဲ့ဒီမြေတွေ မူလပိုင်ရှင်မရောက်သေးတဲ့ ကိစ္စတွေ ခုထိရှိသေးတယ်။
ကမ္ဘာအေးမြေလည်း တပ်က ၂ ဧက ကျော် ပြန်စွန့်ပေးခဲ့တယ်။ ကျန်တဲ့မြေကတော့ ရန်ကုန် စစ်ရုံးနဲ့ နယ်နိမိတ် ထိစပ်နေလို လုံခြုံရေး အခြေအနေအရ အဆင်မပြေကြောင်း ကာကွယ်ရေးဒုဝန်ကြီးကိုယ်တိုင် လွှတ်တော်မှာ ဖြေခဲ့ဖူးတယ်။ တကယ်တော့ နိုင်ငံတော်သံဃမဟာနာယက အဖွဲဆိုတာ NLD လက်ထက်က အင်းစိန်ရွာမ ဆရာတော်ဦးဆောင်တဲ့ မဘသ ကိုယ်တောင် တရားဝင်အဖွဲအစည်း မဟုတ်ပါဆိုပြီး မင်းမိန့်နဲ့ ဖိအားပေး တိုက်ဖျက်ခိုင်းခဲ့ဖူးတယ်။ ၂၀၂၀ နိုင်ငံရေး အကျပ်အတည်းမှာလည်း မဲကိစ္စတွေ ဖြေရှင်းပေးပါ့မယ်ဆိုတဲ့ ကတိ မပေးဘဲ တပ်က အာဏာ မထိန်းစေဖို ဆရာတော်ကြီးတွေကို လက်မှတ်ထိုး ထုတ်ပြန်စေခဲ့ဖူးတယ်။
ချုပ်ရရင် သူ့လက်ထက်က မဟုတ်ခဲ့တဲ့ ကိစ္စတွေ ကိုယ်တောင် သူတာဝန်ယူခဲ့တဲ့ချိန် တက်နိုင်သလောက် ဖြေရှင်းပေးခဲ့တယ်။ ဦးသန်းရွှေလက်ထက် ကနေ ထောင်ကျခဲ့တဲ့အချိန်အထိ သက်တော်ရှည် ရာထူး ရယူခဲ့တဲ့ ပန်းကန်ပြားယူ အောင်ကို အနေနဲ့လည်း သူသာ ရိုးသားမှု ရှိရင် ဦးသိန်းစိန်လက်ထက်ကတည်းက ဒီမြေတွေကို ပြန်တောင်းယူထားသင့်တယ်။ တကယ်တော့ သူလည်း ဒေါ်စု အစီအမံနဲ့ သူတိုရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ဗုဒ္ဓဘာသာကို တခြား ဘာသာခြားတွေနဲ့ တန်းညှိဖို လက်ဝင်လျိုရတဲ့ အဆင့်ပဲ ရှိခဲ့တယ်။ စိတ်ထားမမှန်ခဲ့လိုလည်း အဂတိစားတာတွေ ပေါ်ပြီး ထောင်ကျခဲ့တာ ဖြစ်မယ်လိုလည်း ထင်မိတယ်။
ဖိုးစည်
Post a Comment