ရွေးကောက်ပွဲပြီးရင် မြန်မာပြည်ငြိမ်းချမ်းမှာလား?


မြန်မာ့နိုင်ငံရေးဟာ မတည်မငြိမ်မှုတွေနဲ့ လုံးလည်ချာလပတ်ရမ်းနေတာ လွတ်လပ်ရေးရပြီးကတည်းကလို့ ပြောရပါလိမ့်မယ်။ လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့ လက်နက်ကိုင်ပြည်တွင်းသောင်းကျန်းမှုကလည်း နှစ်ပေါင်း ၇၀ ကျော်နေတဲ့ရိုးရာအစဉ်အလာတစ်ရပ်လိုဖြစ်နေပါတယ်။
-
လူမျိုးတစုလူတစ်စုဖွဲ့မိရင် နိုင်ငံရေးအယူဝါဒ၊ လူမျိုးရေးရပိုင်ခွင့်ဆိုတဲ့ စကားလုံးတွေနဲ့ လက်နက်ကိုင်တစ်ဖွဲ့ ဖွဲ့ရမယ်ဆိုတာ ဗျာဒိတ်တော်အရလိုပါပဲ။
-
နဝတလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကာလတွေအတွင်းသာ ခေတ္တခဏသွေးအေးသွားကြတယ်။ ကြောက်စရာကောင်းတဲ့ ဘေးပယောဂတွေကလည်း အနီးအဝေးလက်လှမ်းတမှီ ဝိုင်းအားပေးအားမြောက်ပြု နေကြတာကလည်း အစဉ်အလာတစ်ရပ်လိုဖြစ်နေပြီ။
-
လက်ဝဲ/လက်ယာအယူအဆစုံနဲ့ ကျားကြီးတွေ/ရှင်ကြီးတွေလည်း အုံနဲ့ကျင်းနဲ့ကို ခြေကုပ်ရနေကြပြီ။ မြန်မာပြည်တွင်း၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှသာ စားကောင်းသောက်ဖွယ်နဲ့ သူကောင်းပြုခံရမယ့်အရေးကို မျှော်ကိုးနေကြတဲ့ စီးပွားရေးကြီးပွားရေးလမ်းညွန်တွေကလည်း ဒုနဲ့ဒေးပါ။
-
နစကက ရွေးကောက်ပွဲကျင်းပမယ်၊ ရွေးကောက်ခံအစိုးရဖွဲ့စည်းမယ်၊ ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းကို သွားမယ်အခိုင်အမာဂတိပေးထားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ရွေးကောက်ပွဲပြီးလို့ အစိုးရနဲ့လွှတ်တော် ပေါ်လာပြီးနောက်ပိုင်းကာလမှာရော မြန်မာပြည်ငြိမ်းချမ်းနိုင်မလား ဆိုတာပါပဲ။
-
အခုလက်ရှိအခင်းအကျင်းကတော့ ပြည်တွင်းရေးသက်သက်....
အာဏာထိန်းနစကကို မကျေနပ်လို့ တော်လှန်နေတာတို့.....
ပြည်ပြေး NUG ရဲ့ဦးဆောင်မှုနဲ့ စစ်အစိုးရဖြုတ်ချရေးတို့....
တိုင်းရင်းသားတွေက ဖက်ဒရယ်လိုချင်လို့ တွန်းလှန်နေတာတို့...
စစ်တပ်ကိုဖယ်ရှားပြီး အမျိုးသားတပ်မတော်ထူထောင်ရေးတို့ ဆိုတဲ့နုတ်တိုက်ချပေးထားတဲ့ခပ်ညံ့ညံ့ အရိုးကိုက် အတွေးခေါ် လစ်ဘရယ်ကွန်မြူနစ် စပ်ကြားအယူအဆတွေနဲ့စဉ်းစားနေသေးတယ်ဆိုရင်တော့... အဲ့လောက်တုံးရ၊ အရ၊ ပိန်းရသလားဆိုပြီး ကိုယ့်ကိုကိုယ် ချီးတွင်းထဲခုန်ချသတ်သေလိုက်ကြပေတော့။
======
Crd.

Post a Comment

Previous Post Next Post