ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အား မူလအခြေအနေထက် ပိုမိုကောင်းမွန်ရမည်ဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ညီညွတ်သော ပေါင်းစည်းစွမ်းအားဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ထည့်သွင်းပြောကြားသွားခဲ့သည်။
Post a Comment