ရှမ်းပြည်နယ်က လက်နက်ကိုင်​တွေ အိမ်ကြက်ချင်းခွပ်လို့ ဒုက္ခ​ရောက်​နေရတဲ့ပြည်သူ​တွေ

ရှမ်းပြည်နယ်အတွင်း RCSS/SSA အဖွဲ့နဲ့ SSPP/SSA အဖွဲ့တို့ကြားက ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြားမှာ ခါးနာရမယ့်သူတွေက ဒေသခံတွေပါ။ တိုက်ပွဲတွေဖြစ်ရင် စေတီပုထိုးများ ပျက်စီးခြင်း၊ ဒေသခံများ သေကြေဒဏ်ရာရခြင်းတွေနဲ့ ထွက်ပြေးမှုတွေပါ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
အခုတောင် ဟိုနားသည်နား ရှမ်းအဖွဲ့ ၂ ဖွဲ့ ရဲ့နယ်မြေလု တိုက်ပွဲလေးတွေကြောင့် ဒေသခံတွေက ကျေးရွာတွေမှာ မနေရဲတော့ဘဲ နေအိမ်တွေကို စွန့်ပြီးပြေးနေရတဲ့ အဖွဲ့တွေရှိပါတယ်။ ပြည်သူလူထုဟာ နေ့စဉ်နဲ့အမျှ မိမိအသက်ကိုဖက်ထုပ်ပြီး ကျီးလန့်စာစားနေရပါတယ်။

ကျွန်တော်တို့တိုင်းပြည်ဟာ လွတ်လပ်ရေးကာလကတည်းက ကိုလိုနီတွေရဲ့သွေးခွဲအုပ်ချုပ်မှု ကြောင့် လွတ်လပ်ရေးရတာတောင် ခက်ခက်ခဲခဲ ပူးပေါင်းရယူထားရတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အကွဲအပြဲဇာတ်လမ်းတွေက မပြီးသေးပါဘူး။
-
တိုင်းရင်းသားမျိုးနွယ်စုအချင်းချင်း လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေသလို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ တွေနဲ့ငါနဲ့မတူငါ့ရန်သူဆိုတဲ့ ဝါဒရေးရာ တိုက်ခိုက်မှုတွေကလည်း မြင်မကောင်းအောင်တွေ့နေရပြန်ပါတယ်။
-
အခုလည်း ရှမ်း လက်နက် ကိုင်အဖွဲ့ ၂ ဖွဲ့ကပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့များမှ ဖြစ်လာပါ့မလဲ ဆိုတာကို ရှမ်းလူမျိုးတစ်ဦးအနေနဲ့ နေ့စဉ်နဲ့အမျှ ဆုတောင်းလျက်။

Post a Comment

Previous Post Next Post