မျောနေသောရေခဲတုံး၏မြုတ်နေသည့်အပိုင်းများ



ပင်လယ်ထဲမှာမျောနေတဲ့ရေခဲတုံးတတုံးရဲ့ရေပေါ်ပေါ်နေတဲ့အပိုင်းထက်ရေအောက်ထဲမှာမမြင်ရတဲ့အပိုင်းကပိုကြီးမားပါတယ်။
မြန်မာ့နိုင်ငံရေးပစက္ခအခြေအနေဟာမျောနေတဲ့ရေခဲတုံးနဲ့အလားသဏ္ဍာန်ပါဘဲမမြင်ရတဲ့နောက်ကွယ်ကအကြောင်းတရားတွေကထုထည်ပိုကြီးနေတဲ့သဘော။
မြန်မာအစိုးရနဲ့ရင်းနှီးစွာလက်တွဲဆောင်ရွက်လိုပါတယ်ဆိုတဲ့တရုတ်အစိုးရဟာနယ်စပ်ခြင်းထိစပ်နေတဲ့ကချင်ပြည်နယ်လိုင်ဇာအခြေပြုkiaနဲ့တော့နှစ်နယ်တနယ်အကျိုးစီးပွားဆက်နွယ်မှုတွေရှိနေပြန်ပါတယ်။ပြောရရင်kiaလက်နက်စက်ရုံတွေကတရုတ်ပြည်ထဲမှာ။
တရုတ်အစိုးရဟာမြန်မာနဲ့ဆက်ဆံရာမှာတော့kiaကိုပွဲထုတ်လေ့မရှိဘဲဝှက်ဖဲဆန်ဆန်ကိုင်ထားတဲ့အနေအထားလို့ယူဆရပါတယ်။
တရုတ်ဟာkiaကိုဝလိုတရုတ်ဩဇာလွမ်းမိုးတဲ့မြန်မာပြည်ထဲကကြားခံနေရာအဖြစ်ပုံဖေါ်လိုဟန်တူပါတယ်။တရုတ်ဟာမြန်မာပြည်တွင်း
ငြိမ်းချမ်းရေးအတွက်စကားပြောရာမှာဘယ်တုံးကမှ
kiaပါလေ့မရှိသလိုမြန်မာပြည်တွင်းငြိမ်းချမ်းရေးအတွက်kiaကိုတွန်းအားပေးတာမတွေ့ရပါ။
kiaကလည်းကချင်ပြည်နယ်အတွင်းမှာသာမကရခိုင်ကaaကိုလည်းလက်အောက်ခံအင်အားစု(အင်အားစု)တစ်ရပ်အဖြစ်မွေးထုတ်လိုအပ်သလို
ကိုင်တွယ်ထားတာတရုတ်ကနောက်ကွယ်ကလက်မဲကြီးဆိုတာ
ထုတ်မပြောရုံတမယ်ပါ။



လက်ရှိကာလမှာတော့kiaဟာစစ်ကိုင်းတိုင်းထိရောက်လာပါပြီ။
စစ်ကိုင်းတိုင်းထဲကpdfတွေကိုစစ်သင်တန်းပေးလက်နက်တတ်ဆင်ပေးခဲယမ်းရောင်းချပေး
ပြီးkiaဩဇာထူထောင်ထားပါပြီ။
ယခုလတ်တလောစစ်ကိုင်းဖိုရမ်ဆိုပြီးစစ်ကိုင်းတိုင်းထဲကပြန့်ကျဲနေတဲ့
pdfအင်အားစုတွေကိုတပ်စုဖွဲ့မှုပုံစံ
ဖွဲ့စည်းone commandစနစ်ပုံဖေါ်
kiaရဲ့အင်အားစုတစ်ရပ်ဖြစ်လာတော့မှာပါ။
တချိန်တည်းမှာမြန်မာစစ်တပ်ကိုအာရုံပြောင်းလှဲ့စားဘို့မိုင်းလား
ဆွေးနွေးပွဲဆိုတာကိုတရုတ်ကမကထလုပ်လိုက်တယ်ဆိုရင်မှားမယ်မထင်ပါ။
ဒီတော့မြန်မာပြည်အထက်ပိုင်းကချင်စစ်ကိုင်းချင်းနဲ့ရခိုင်ကိုတဆက်တစပ်တည်းများkiaနဲ့သူ့လက်အောက်ခံအင်အားစုတွေလွမ်းမိုးထိန်းချုပ်နိုင်ခဲ့ရင်...မြန်မာပြည်အထက်ပိုင်းဟာအလိုအလျောက်တရုတ်ဩဇာခံဖြစ်သွားလိမ့်မယ်လို့ကြိုတင်တွက်ဆကြည့်ရင်စိုးရိမ်စိတ်လွန်ကဲတယ်လို့ထင်ပါလိမ့်မယ်။
တရုတ်ကkiaကမြန်မာပြည်အထက်ပိုင်းကိုလုံးလုံးကြီးသိမ်းလိုက်တာမျိုးမဟုတ်ပေမဲ့တရုတ်ဩဇာခံအင်အားစုတွေခြေကုပ်ယူထားတဲ့
မငြိမ်းချမ်းတဲ့ဒေသကြီးဖြစ်လာနိုင်ပါတယ်။
ကဲဗျာ...ဇာတ်လိုက်ကျော်ကြီးcia
ကလည်းနောက်ကျမကျန်ခဲ့လေအောင်မဲဆောက်အထိကောင်စစ်ဝန်ရုံးအပြေးအလွားဖွင့်ပြီးKNLAတေွ
မွေးKNUကိုမွှေနှောက်လိုက်တာအထူးရှင်းပြမနေတော့ပါဘူး။
ciaကလည်းknlapdfအင်အားစုတွေနဲ့ပဲခူးတိုင်းရန်ကုန်တိုင်းအထိထိုးဖေါက်နိုင်အောင်ရည်ရွယ်ထားပုံရပါတယ်။
တရုတ်MASထက်စာရင်ciaတို့ခြေတလှမ်းနောက်ကျနေတယ်ထင်တော့အမေရိကန်ကွန်ဂရက်က
Burma actပါပြဌာန်းအရှိန်တင်နိုင်အောင်လုပ်နေတာပါ။


မြန်မာပြည်ကြီးတော့ခွေးတွေဝိုင်းဆွဲနေပြီ။
အထက်ကတင်ပြခဲ့တာတွေကတော့ဖြစ်တန်လာရာတွေပါ။နိုင်ငံရေးဆိုတာဖြစ်တန်လာရာတွေကိုကြိုလုပ်ကြရတာလို့ဆိုစကားရှိတယ်လေ။
အိမ်နီးချင်းဆွေမျိုးပေါက်ဖေါ်ကြီးရဲ့ခြေလှမ်းတွေကိုကြိုတင်တွက်ဆမိပေမဲ့အင်အားကြီးနိုင်ငံမဆက်ဆံလို့မရတဲ့အိမ်နီးခြင်းဆိုတော့မချစ်သော်လည်းအောင့်ကာမနမ်းနိုင်တဲ့
မြန်မာ့တပ်မတော်ကပေါ်ပေါ်တင်တင်ဘဲအင်အားကြီးရုရှားနဲ့စစ်ရေးနိုင်ငံရေးစီးပွားရေးနည်းပညာကဏ္ဍ
ဘက်စုံဆက်ဆံရေးတည်ဆောက်လိုက်တာပါဘဲ။
တိုတိုရှင်းရှင်းတင်ပြရရင်ပထဝီနိုင်ငံရေးအရမြန်မာပြည်ဟာတရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်မဟာဗျူဟာအရေးကြီးနိုင်ငံ။တက်လာတဲ့အစိုးရအရပ်ရပ်ကိုသူ့ဩဇာလွမ်းမိုးဖို့အရေးကြီးတယ်။မလွန်ဆန်နိုင်တဲ့အနေအထားကိုပုံဖေါ်နေတာ။
အမေရိကန်အတွက်ကတောင်တရုတ်ပင်လယ်ထဲပိတ်မိနေတဲ့တရုတ်ရဲ့ထွက်ပေါက်မြန်မာပြည်ကိုသေချာပေါက်ပိတ်ဆို့ရတော့မယ်။
တရုတ်ခြေလှမ်းကအလှမ်းကျယ်တယ်မဲခေါင်လန်ချန်းကတဆင့်
တောင်တရုတ်ပင်လယ်ကမ်းခြေပါတ်လမ်းကိုဗီယက်နမ်ကမ္ဗောဒီးယားထိုင်းကနေမြန်မာပြည်ကပ္ပလီပင်လယ်ထဲကိုရေးနားကနေထွက်မဲ့
ကမ်းခြေပတ်လမ်းစီမံကိန်းဆိုတော့
ciaကအတင်းကိုKNUကိုမွေးထိုင်းမှာဩဇာခံအစိုးရဖြစ်လာဘို့ထိကြံစည်ကြလေတော့ကရင်ပြည်နယ်ထဲတိုက်ပွဲတွေပြင်းထန်လာတော့တာပါဘဲ။
ကိုယ်တွေလဲဘာမှမဟုတ်အနှစ်နှစ်အလလတာဝန်ထမ်း
ဆောင်ခဲ့ရင်းလေ့လာအကဲခတ်မိသမျှပါ။
အဲ့တော့ရေပေါ်ပေါ်နေတဲ့ရေခဲတုံးအပိုင်းလောက်ဘဲ​ြမင်မနေကြဘဲ
မြုတ်နေတဲ့အဓိကအကြောင်းတရား
တွေကိုသိရှိကြဘို့လိုပြီ။
ဒီမိုကရေစီတို့အာဏာရှင်တို့တော်လှန်ရေးတို့ပြည်သူ့အာဏာတို့ဆိုတဲ့ပေါ်ပင်နိုင်ငံရေးလှဲ့လုံးတွေအစား...နိုင်ငံကိုပြည်ဖျက်အမဲဖျက်ကြမဲ့ရန်ကကာကွယ်နိုင်မဲ့အမျိုးသားအကျိုးစီးပွားကိုအမှန်တကယ်ဦးထိပ်ထားတဲ့နိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက်
သာအမှန်တကယ်လိုအပ်တယ်ဆိုတာသတိပြုကြမဲ့အချိန်ကာလဖြစ်ကြောင်းပါ။

Post a Comment

Previous Post Next Post