ဆားတောင်မှာ လက်နက်ကိုင်တစုက စျေးရှေ့လူစည်ကားရာ နေရာ လမ်းလျှောက်ပြတယ်... လူခွဲပြီး မလွယ်ပေါက်ကဝင် ပြီးမှ လူစုပြီး လမ်းလျှောက်ပြတာ... စိတ်ဓာတ်စစ်ဆင်ရေး တခုပေါ့...
ရဲနဲ့စစ်သားတွေ ကတုတ်ကျင်းထဲက ထွက်မလာရဲဘူး ပြောသေးတယ်...
ဒါပေမယ့် အချက် ၂ ချက်ကို သေချာတွေးကြည့်သင့်တယ်...
တခုက သူတို့စွမ်းရင် အဲဒီကတုတ်ကျင်းတွေထဲက ရဲ နဲ့ စစ်သား တွေကို မောင်းထုတ်ပါလား၊ လုပ်နိုင်ဖို့ နေနေသာသာ အနားနောင် မသီရဲဘူး...
နောက်တခုက ပြည်သူတွေရဲ့ အကြည့်... ရင်းနှီးတဲ့၊ နှစ်လိုတဲ့၊ ဖော်ရွေတဲ့ အကြည့်တွေ ဝန်းရံမှုမျိးတွေ မတွေ့ရဘူး... ခပ်ရွံ့ရွံ့ ခပ်ဝေးဝေး မှာပဲ မဆိုင်သလို နေလိုက်ကြတယ်... မြွေပွေး မြွေဟောက် မထိရ ရွံ့ကြောက်စေ ဆိုတဲ့ အတိုင်းများ ကြောက်ကြတာလား မသိဘူး...
ပရိုပါဂန်းဒါးတွေပါ... အဲဒီနောက်လိုက်ပြီး ဆန့်ကျင်တဲ့ဖက်က ဖြစ်စေချင်သလို မိမိဖက်က လိုက်မဖြစ်ဖို့ အရေးကြီးပါတယ်...
#dgf21naymyo
Post a Comment