နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားချက်များမှ ကောက်နုတ်ချက်


ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များ မရှိစေရေးပြည်နယ်နှင့်တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေးတိုက်တွန်းလိုကြောင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည်လည်း ဆောင်ရွက်သင့်သည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေးအတွက် လေယာဉ်ကွင်းများတိုးချဲ့ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်မည်ဆိုပါက အရေးကြီးသည့်ပစ္စည်းများကို လေကြောင်းမှတစ်ဆင့် မြန်ဆန်စွာတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အတွင်း သွင်းအားစုကုန်ကြမ်းများဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်များကြီး မြင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်း၌ပြည့်ပြည့်ဝဝလုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါးနှင့် ဥများဈေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း။

Post a Comment

Previous Post Next Post