ယခုနှစ် ၄ လအတွင်း အကြမ်းဖက်သမားများ၏ရှို့မီး အကြိမ် ၁၀၀ ကျော်အပါအဝင် မီးလောင်မှု ၇၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ ၅၁ ဦးသေဆုံးကာ ကျပ် ၁၁ ဘီလျံခန့် ဆုံးရှုံးခဲ့ရ


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာ ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အကြမ်းဖက်သမားများ၏ ရှို့မီး အကြိမ် ၁၀၀ ကျော်အပါအဝင် မီးလောင်မှု ၇၄၅ ကြိမ်ဖြစ်ပွားပြီး ပြည်သူ ၅၁ ဦးသေဆုံးကာ ကျပ် ၁၁ ဘီလျံခန့် ဆုံးရှုံးခဲ့ရသည်ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုများထဲတွင် မီးဖိုမီး ၁၂၅ ကြိမ်၊ ပေါ့ဆမီး ၂၁၃ ကြိမ်၊ အလိုအလျောက်မီး ၁၅ ကြိမ်၊ လျှပ်စစ်မီး ၂ဝဝ ကြိမ်၊ အကြမ်းဖက်များ၏ ရှို့မီး ၁၀၃ ကြိမ်၊ တောမီး ၈၇ ကြိမ်နှင့် မိုးကြိုးပစ် ၂ ကြိမ် ပါဝင်သည်ဟုဆိုသည်။

ယင်းမီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အဦး ၁၉ဝဝ လုံးပျက်စီးခဲ့ရာ၌ စက်ရုံ/အလုပ်ရုံ ၆ လုံးနှင့် ဂိုဒေါင် ၁၂ဝ လုံးပါဝင်ခဲ့ပြီး ပြည်သူ ၄၅၄၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို လူ ၅၁ ဦးသေဆုံး၍ ၁၀၁ ဦး ဒဏ်ရာရရှိကာ တိရစ္ဆာန် ၂၉၈၄ ကောင် သေဆုံးခဲ့ရသဖြင့် စုစုပေါင်း ငွေကျပ် ၁၀၈၉၆ ဒသမ ၁၄ဝ သန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

#mhtnews

Post a Comment

Previous Post Next Post