“ဇန်နဝါရီ ၁ ကနေ မေ ၃၁ အထိ စစ်မှုထမ်း တပ်သားသစ် တစ်သိန်း သုံးသောင်းကျော် ရရှိထားပြီး သင်တန်းတွေ ပေးနေပြီ။ ရုရှားစစ်လက်နက် ထုတ်လုပ်ရေး စက်ရုံတွေကနေ တစ်လကို တင့်ကား အစီးရေ ခြောက်ရာကျော် ထုတ်နေပြီ။ အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေ ဘယ်လောက် ထုတ်နေနိုင်ပြီဆိုတာတော့ ပြောမပြချင်သေးဘူး။
“အပြစ်မဲ့ အရပ်သားတွေကို အကြောင်းမဲ့ ပစ်ခတ်နေတဲ့ အကြမ်းဖက် နာဇီ ကိယက်ဗ် အစိုးရနဲ့ ကူညီနေတဲ့ အပေါင်းအပါတွေကို တန်ပြန်ချေမှူန်းဖို့ အသင့်ပဲ။ အကြမ်းဖက် အဖွဲ့တွေကို လုံးဝ ရိုက်ချိုး ဖျက်ဆီးပြရမယ်"
(ဇွန် ၁ ရက်၊ ရုရှားနိုင်ငံ ဗိုဂိုဂရက် စစ်သင်တန်းကျောင်း၌ ရုရှား လုံခြုံရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်၏ ပြောပြချက်)
By BNN 02 June 2023
#BurmaNewsNetwork
#ရုရှားကလည်းတန်ပြန်ထိုးစစ်အတွက်အသင့်ဟုဆို
Post a Comment