ဆားတောင်ဟာ အကင်းပဲ ရှိသေးတယ်...


မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် EAOs တွေ အနေနဲ့ သက်ဆိုင်ရာ ဒေသ၊ပြည်နယ်တွေမှာ အခြေစိုက် စခန်းဌာနချုပ်တွေရှိတယ်။ လက်နက်ကိုင်‌တွေဟာ တိုင်းရင်းသားမျိုးနွယ်စုကို အခြေခံတာ ဖြစ်သလို  နိုင်ငံရေး ပဋိပက္ခ အိမ်တွင်းရေးပြသနာ ကို ဖြေရှင်းနေကြဆဲ အချိန်မို့ နှစ်ဖက်တပ် ထိပ်တိုက်တွေ့ချိန်ကလွဲရင် ကိုယ်စည်း၊ ကိုယ်ကမ်းနဲ့ နေကြတာ များတယ်။

NUG ပေါ်လာပြီးတဲ့နောက်မှာ  အစိုးရတရပ်အနေနဲ့ နိုင်ငံတကာမှာ လူလုံးထွက်ပြဖို့ လက်နက်ကိုင်တပ်ဖွဲ့ ဆိုတာ လိုလာခဲ့သလို လွတ်မြောက်နယ်မြေဆိုတာကလည်း ကြေငြာဖို့ လိုလာခဲ့တယ်။ ဒါမှ အုပ်ချုပ်သူ အစိုးရဆိုတဲ့ ဂုဏ်သိက္ခာ ရှိမှာကိုး။

ခက်တာက မြေပြင် PDF အဖွဲ့တွေမှာလည်း အဖွဲ့ကွဲတွေကအများကြီးရှိနေတယ်။  လက်သင့်ရာ စားတော်ခေါ်သလိုပဲ  NUG ဆီမှာ စာရင်းပေါက်ဖို့ဆိုတာက ဆိုင်ရာပိုင်ရာ ရှိဖို့ကလိုသေးတယ်။ မြေပြင်မှာ ထောက်ပို့ဆိုတဲ့သူတွေကလည်း အလှူရှင်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ကိုယ်ကျိုးစီးပွားရှာပြီး ဘတ်ကီး ရိုက်သွားတာကလည်း အများကြီး။ အဖွဲ့ငယ်လေးတွေ မဆိုထားနဲ့။ ပန်ဆယ်လို လို စိန်အတုရောင်းပြီး ဖန် ရှာတဲ့သူတွေကိုတောင် ဂျင်းမိထားတဲ့ အမေရိကန်ရောက် ထောက်ခံသူတွေခင်ဗျာ အံကျိတ်ပြီး ခံနေရရှာတယ်။ ဆိုလိုတာက အပေါ်ပိုင်းမှာတောင် စားဖားကြီး အဆင့်တွေ ဖြစ်နေကြသလို လက်အောက်တွေမှာလည်း  ကိုယ်ကျိုးအတ္တများနေလေတော့ ဝင်ငွေ စီးဆင်းမှုက မရှိရှာတော့ဘူး။

ဒါ့ကြောင့်လည်း လဘ်စားလို့ ထောင်ကျနေတဲ့ ဘွားတော်ကို ကောလာဟာလ ထုတ်ပြီး နိုင်ငံတကာမှာ ပိုက်ဆံရှာဖို့ ပွဲထုတ်ဖို့ကြိုးစားလာတာ တွေ့ရတယ်။ ခုချိန်မြေပြင် PDF တွေအနေနဲ့ သမ္မတပြုတ် ဝင်းမြင့်ကိုလည်း သတိရစရာ မရှိဘူး။ ရွေးကောက်ပွဲမှာ NLD ပါခြင်း မပါခြင်းကလည်း အရေးမကြီးတော့ဘူး။ လူမရှိလို့ ခန့်ထားရတဲ့ ကာကွယ်ရေးဝန်ကြီး အရက်သမားဆိုတာကလည်း ဘယ်သူကမှ အထင်မကြီး မလေးစားတဲ့သူ။ ဆိုတော့ မွေးနေ့နား နီးလာချိန်မှာ ဒေါ်စုကို လေသံပြန်ပစ်ကြတာ မထူးဆန်းဘူး။

ထူးဆန်းတာက ဆားတောင် PDF တွေပဲ။ အပေါ်မှာ ဆိုခဲ့သလို တိုင်းရင်းသား EAOs တွေတောင် ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေချိန်မှာ ဆားတောင်ဈေးကို လက်နက်တကားကားနဲ့ ဝင်လာတာမျိုးက ဘောမ မိသားစု အတွက် အကြိုက်ပဲ။ ဟာ ဘာလာ ဘလာ ဆိုပြီး ညှော်လိုက်ရုံနဲ့ ဆားတောင်လည်း Game Over ဖြစ်သွားပြီ။ နိုင်ငံရေးလမ်းကြောင်းအရ တိုင်းရင်းသားအချင်းချင်းမို့ ညှာနေရတာပဲ ရှိပါတယ်။ ဒီမြို့ကို သိမ်းလိုက်ပါပြီတို့။ ဒီနယ်မြေကို လွတ်မြောက်နယ်မြေ ကျေညာလိုက်ပါပြီဆိုပြီး ယောင်လို့တောင်အသံမထွက်မိပါစေနဲ့။ ဒါက တပ်မတော်အနေနဲ့ သူကာကွယ်စောင့်ရှောက်ရမဲ့ ဒို့တာဝန် အရေး၃ ပါးကို ထိခိုက်စော်ကားတာနဲ့အတူတူပါပဲ။
crd

Post a Comment

Previous Post Next Post